close

ဒေသခံ ကလေး

close

January 10, 2023

ဖယ်ခုံတွင် တိုက်လေယာဉ်ပျံဝဲလာသဖြင့် ဒေသခံ ကလေးငယ်များ ပုန်းအောင်းနေရ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ မနက်က စစ်ကောင်စီ တိုက်လေယာဉ် ပျံဝဲလာတာကြောင့်  ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ဗုံးကြဲခံရမှာ ကြောက်လန့်ပြီး ပုန်းအောင်းနေကြရပါတယ်။

ဖယ်ခုံမြို့နယ်၊ လအိဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာနေရာအနီး ဒီမနက် ၈ နာရီ ၄၀ လောက်ကနေ ၉ နာရီ မိနစ် ၂၀ လောက်အထိ တိုက်လေယာဉ်တွေ အနီးကပ်ပျံဝဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“ကြောက်လို့ ပုန်းနေကြတာပါ။ လေယာဥ်က အသံအကြီးအကျယ်ကြီးနဲ့မို့ နိမ့်ဆင်းလိုက် ပြန်တက်လိုက် နာရီဝက်ကြာလုပ်နေတာ။ ပစ်ခတ်တာ မရှိဘူး။ လာခြိမ်းခြောက်တာမျိုးလားတော့မသိဘူး။”

လေယောဉ်တွေရောက်လာလို့ ဘုရားကျောင်းတခုမှာ ဘုရားစာစုသင်နေတဲ့ကလေးငယ်တွေက  ကျောင်းအောက်ကို ပြေးပြီး ပုန်းအောင်ခဲ့ရကြောင်းလည်း အဲဒီနေရာမှာ ရှိနေတဲ့ ဒေသခံက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီဝန်းကျင်က  နေပြည်တော်ကနေ စစ်ကောင်စီ တိုက်လေယာဉ် ၄ စီး ထွက်ခွာသွားတယ်လို့ ဒေသခံ မျက်မြင်တွေ့သူထံက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်လေယာဉ် အနီးကပ်ပျံသန်းမှုကို မကြာခဏလုပ်လေ့ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေလည်း ပြောဆိုပါတယ်။

မနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း တိုက်လေယာဉ်တစင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိုနယ်မှာ ဝဲပျံပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

10 mins Ago
Up