close

ဒေသန္တရအမိန့်

close

August 6, 2022

ရေးမြို့နယ်၌ စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြန်

မွန်ပြည်နယ်  ရေးမြို့နယ်အတွင်း အများပြည်သူ လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေး နဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေတဲ့ လုပ်ရပ်တွေကြောင့် စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနက ဒေသန္တရ အမိန့်စာကို သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူအသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိခိုက်မှု တွေ ဖြစ်ပေါ်လာတဲ့အတွက် အခုလို ဒေသန္တရအမိန့် ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ဒေသန္တရအမိန့် အပိုဒ် ၇ ပိုဒ်ပါ တွေထဲမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ နဲ့ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ရှိမှ နယ်ကျော်ခရီးသွားလာခွင့်ပြုမှာဖြစ်ပြီး ရေးမြို့နယ်အတွင်း ယာဉ်နဲ့. လူတွေကို ည ၈ နာရီမှ နောက်နေ့ မနက် ၄ နာရီအတွင်း သွားလာခွင့်မပြုပါဘူး။ 

မြို့တွင်းလမ်း နေရာတွေမှာလည်း ဌာနဆိုင်ရာရုံးတွေ အများစု ရှိတဲ့နေရာနဲ့ စစ်တပ် ရဲ့လူသွားလမ်း နေရာတချို့မှာ လမ်း ၆ နေရာတွေကို ခွင့်ပြုထားတဲ့ ယာဉ်နဲ့လူ သွားလာခြင်းပြုရန် ထုတ်ပြန်ထားပါတယ်။ 

ဆိုင်ကယ်စီးနင်းသူတွေ လိုက်နာရမယ့် အချက်မှာ ဆိုင်ကယ် ၁ စီး မှာ အမျိုးသား ၂ ဦး မစီးရ၊ အမျိုးသမီးတဦး နောက်မှာ အမျိုးသားတဦး လိုက်မစီးရသလို လုံခြုံရေး ဆောင်ရွက်နေစဉ် ယာဉ်တွေ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ရေး မြစ်ကူးတံတား နဲ့ ချောင်းတောင်ကျေးရွာ မြစ်ကူးတံတားပေါ်မှာ ယာဉ်မောင်းကလွဲပြီးကျန်တဲ့ ယာဉ်ပေါ် လိုက်ပါသူတွေ ခြေလျင် လမ်းလျှောက်သွားရမည်ဖြစ်ပြီး တံတားပေါ်မှာ အကြောင်းမဲ့ မည်သည့် ယာဉ်မှ မရပ်ရပါ။

ရေးမြို့နယ်အတွင်းက  ကူတိုးရေယဉ်များနဲ့စက်တပ်ရေယာဉ် နဲ့ ပင်လယ်ငါးဖမ်းလှေတွေက အစ သက်ဆိုင်ရာတွေမှာ အဝင်အထွက်အားလုံးကို သတင်းပေးပို့ရမယ်လို့ သတ်မှတ်ထားပါတယ်။

သတ်မှတ်ထားတဲ့ ပညာပေးကာလက သြဂုတ် ၆ ရက်မှ သြဂုတ် ၁၂ ရက်နေ့အထိ ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်သွားပါက တည်ဆဲ ဥပဒေအတိုင်း ရာဇာ သတ်ကြီး ပုဒ်မ ၁၈၈အရ အရေးယူပြီးအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။

3 hours Ago

July 20, 2020

ဒေသန္တရအမိန့် လိုက်နာကြရန် မွန်ပြည်နယ် နယ်လုံဝန်ကြီး သတိပေး

ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တာနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ကိုင်တွယ်လို့ ရတာကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို ပြည်သူတွေ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လိုက်နာကြဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။  မွန်ပြည်နယ်မှာတော့ ရေတံခွန်နဲ့ အပန်ဖြေစခန်းတွေဟာ ၁၀ ခုထက်မနည်း ရှိနေတာပါ။ အဲဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို အစိုးရက ကိုဗစ်-၁၉ ရောဂါ လူစုလူဝေးမဖြစ်အောင် ဇူလိုင် ၃၁ ရက်နေ့အထိ ပိတ်ထားပေမဲ့ လာရောက် လည်ပတ်သူတွေ နေ့စဉ်နဲ့အမျှ ရှိနေတာပါ။   ဒါကြောင့် အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တဲ့ ကိစ္စရပ်တွေကို ဥပဒေအတိုင်း ကိုင်တွယ်လို့ရတဲ့အတွက်ကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာကြဖို့ လိုတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို  ဖွင့်လှစ်တာတွေ မလုပ်ဖို့လည်း သက်ဆိုင်ရာမြို့နယ်အဆင့်အထိ ထပ်ဆင့်ညွှန်ကြားစာတွေ ထုတ်ပြန်ထားတာပါ။ ဒီရေတံခွန်နဲ့ အပန်ဖြေစခန်းတွေကို စနေနေ့၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အများဆုံး လာရောက် လည်ပတ်ကြတာဖြစ်ပြီး လာရောက်သူ အများစုဟာ ပိတ်ထားတဲ့ကြားက ခြံကျော်ပြီး  လည်ပတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေဆီ လာရောက် လည်ပတ်နေမှုကို လူစုလူဝေးမဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့အပြင် တားမြစ်ကန့်သတ်ချက်တွေကို ရပ်ကျေးအဆင့်အထိ ဖြန့်ဝေပေးထားတယ်လို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။ အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို လာရောက် လည်ပတ်ချိန်ကာလတွေအတွင်း ဇူလိုင် ၁၉ ရက်က မုဒုံမြို့နယ် ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ် ၁ ဦး ရေနစ် သေဆုံးခဲ့ပါသေးတယ်။ လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါဟာ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့် နေအိမ်အပြင်ထွက်ဖို့ မလိုအပ်တဲ့သူတွေအနေနဲ့ အပြင်မထွက်ဘဲကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။  ဇော်လွင်ထွဋ်
2 years Ago
Up