close

ဒေသ ၃ ခု

close

January 16, 2023

ပီးရူးနိုင်ငံ ဒေသ ၃ ခုတွင် အရေးပေါ်အခြေအနေ ကြေညာ

ပီရူးနိုင်ငံရဲ့ မြို့တော်လီမာ၊ ပူနိုနဲ့ ကတ်စ်ကို ဒေသ ၃  ခုမှာ ဇန်နဝါရီ ၁၅ ရက်က စပြီး ရက် ၃၀ ကြာ အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဒီနာဘိုလူအာတီက ကြေညာလိုက်ပါတယ်။

ဒေသတွင်းမှာ သီတင်းပတ်ချီ ကြာနေတဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကြောင့် လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ ပြီးပါပြီ။

ဆန္ဒပြသူတွေဟာ လီမာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ရင်း ဘိုလူအာတီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖြုတ်ချခံ လက်ဝဲဝါဒီ သမ္မတဟောင်း ပေဒရို ကတ်စ်တီလိုကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ လာလေ့ရှိတဲ့ မီရာဖလောရက်စ် ခရိုင်ထဲမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ကတ်စတီလိုက အောက်လွှတ်တော်ကို တရားမဝင် ဖျက်သိမ်းဖို့ ကြိုးစားအပြီး ဖမ်းဆီး ဖယ်ရှား ခံခဲ့ရပြီးတဲ့နောက် ဒီဇင်ဘာလ အစောပိုင်းမှာ စပြီး သူ့ကိုထောက်ခံသူတွေက ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိတယောက်နဲ့ အရပ်သား ၄၁ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ အတွက် တာဝန်ရှိသူတွေကို ပီရူးအစိုးရ ရှေ့နေချုပ်က ဇန်နဝါရီ ၁၃ရက်က စပြီး စုံစမ်းစစ်ဆေး နေပါတယ်။

1 min Ago
Up