ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အန်အယ်လ်ဒီပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေဟာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက နေအိမ်မှာ ဖမ်းဆီးခံရပါတယ်။
“မနေ့ည ၁၁ နာရီက လာဖမ်းတာ၊ လောလောဆယ် သိရသလောက် CDM ထောက်ပံ့တယ်လို့ စွပ်စွဲခံထားရလို့ ဖမ်းတာလို့ သိရပါတယ်” လို့ သူနဲ့နီးစပ်တဲ့ တောင်ကြီး ဒေသခံတယောက်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဒေါ်သန်းငွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။