close

ဒေါက်တာမျိုးညွန့်

close

November 17, 2022

အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ရကြသူများ မြင်ကွင်း (ဓာတ်ပုံ) 

အမျိုးသားအောင်ပွဲနေ့အထိမ်းမှတ် အကျဉ်းသား  ၅၇၀၀ ကျော်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ အပါအဝင် အင်းစိန်ထောင်မှ ပြန်လွတ်လာသူများအား မြင်တွေ့ရစဉ်။ 

Photo - MPA

13 mins Ago

December 30, 2021

ဒေါက်တာမျိုးညွန့်ကို ထောင်ဒဏ် ၃ နှစ်၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ထောင်ဒဏ် ၁ နှစ် ချမှတ်

အင်းစိန်ထောင်တွင်းတရားရုံးတွေကနေ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ထောင်ဒဏ် ၂ နှစ်၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ၁ နှစ်၊ ကိုအေးအောင်ကို ၃ နှစ်၊  သရုပ်ဆောင်လူမင်းနဲ့ သရုပ်ဆောင် ရဲတိုက်ကို  ၃ နှစ်စီ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာ ဖြစ်ပြီး မတ်လမှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ 

မင်းသွေးသစ်ကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာပါ။ 

သူ့ကို ကိုဗစ်ကာလ လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုပြီး လူနာတင်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုအေးအောင်ကိုတော့ တာမွေက ဆိုင်တဆိုင်မှာ ဖမ်းဆီးခဲ့ပြီး CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

တရားလွှတ်တော်ရှေ့နေက ဒေါ်ငြိမ်းငြိမ်းက “ကျမလိုက်ပေးတဲ့ အမှုတွေထဲမှာ ကိုအေးအောင်ကို ထောင်ဒဏ် ၃ နှစ်၊ အလုပ်မပါ အပြည့်ချတယ် ၅၀၅ (ဃ) နဲ့ပေါ့။ ကိုလူမင်းကိုလည်း ဒီကနေ့ အမိန့်ချတယ် ၅၀၅ (ဃ) နဲ့ပဲ၊ ကိုလူမင်းနဲ့ ကိုအေးအောင်ကို တာမွေတရားရုံးကနေ အမိန့်ချတယ်။ တာမွေတရားရုံးကနေပဲ ဒေါက်တာမျိုးညွန့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂ နှစ်ချမှတ်လိုက်တယ်” လို့ ပြောပါတယ်။

ဒီကနေ့ ထောင်တွင်းတရားရုံးမှာ ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တာလို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

‌ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသူတွေ ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်ပြီး သူတို့တွေဟာ ထောင်တွင်းတရားရုံးမှာပဲ အမှုရင်ဆိုင်ခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ကြပါဘူး။

11 months Ago
Up