close

ဒေါငံခါးကျေးရွာ

close

March 22, 2022

ကရင်နီ ဒေါငံခါးကျေးရွာတွင် လူ နေအိမ် ၄၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ပတ်အတွင်း ပြည်သူပိုင်နေအိမ် ၄၀ ထက်မနည်းကို အကြမ်းဖက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို က သတင်းထုတ်ပြန်ထားပါတယ်။

ဒီး​မော့ဆိုမြို့နယ်၊ ဒေါငံခါး​ကျေးရွာ၊ တနန်းဥကွိုင်​ကျေးရွာနဲ့ အို့ခူရီ​ကျေးရွာ ၃ ရွာက ပြည်သူ​နေအိမ်မီးရှို့ဖျက်ဆီးခံရတာ စုစုပေါင်း အိမ်အလုံး ၆၀ ထက်မနည်းရှိခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်​ကောင်စီတပ်တွေဟာ ​​ဒေါငံခါး​ကျေးရွာ ၊ တနန်းဥကွိုင်​ကျေးရွာနဲ့ အို့ခူရီ​ကျေးရွာတို့မှာ တပ်စွဲထားပြီး  ပြည်သူပိုင်​နေအိမ်တွေကို ​နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်စီး​နေတယ်လို့ ဆိုပါတယ်။

ဒေါငံခါးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO-local PDF  ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား မတ်လ ၁၃ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အတွဲလိုက်ဒုံး (MLRS)တွေနဲ့ ပစ်ခတ်လို့ ကရင်နီပူးပေါင်းတပ်တွေဟာ ဒေါငံခါးကျေးရွာကို ခေတ္တဆုတ်ခွာပေးရတယ်။

1 min Ago
Up