close

ဒေါင်းနီအဖွဲ့

close

September 11, 2022

၄၀ မမ ဗုံးသီး ၆ လုံး ထည့်ပစ်နိုင်သည့် လက်နက် ဒေါင်းနီအဖွဲ့ ထုတ်လုပ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းမှာ လှုပ်ရှားနေတဲ့ ဒေါင်းနီအဖွဲ့က ၄၀ မမ ဗုံးသီး (၆) လုံး ထည့်ပစ်နိုင်တဲ့ လက်နက် ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

အဲ့ဒီလက်နက်ကို လုပ်ဆောင်နိုင်ဖို့ စက်တင်ဘာလဆန်းပိုင်းက  စတင်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စမ်းသပ်ပစ်ခတ်အောင်မြင်တယ်လို့ အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံက ဆိုပါတယ်။

“အော်တိုတော့ မဟုတ်ဘူး။ တချက်ပစ်ပြီး ဆုံလည်ကိုလက်နဲ့ လှည့်ပေးရတယ်။ လေ့ကျင့်သားရှိသွားရင် အော်တိုလောက်မြန်လာမယ်။ စစ်ကောင်စီတပ်သား တကောင်ကို မိတော့ သူတို့က ဗုံး ၆ လုံး ဆက်တိုက်ကျကျလာတာကို ကြောက်တယ်လို့ပြောတယ်။ ဒီဘက်မှာခေါ်တာတော့ လှလှပေါ့။ အဲ့ဒါကြောင့် ဒါကို ဒီဘက်မှာရှိတဲ့ ပစ္စည်းနဲ့ ထုတ်တာ အောင်မြင်တယ်” လို့ ဒေါင်းနီအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ကျော်ဝဏ္ဏက ပြောပါတယ်။

ပစ်နိုင်တဲ့အကွာအဝေးဟာ ကိုက် ၁၀၀၀ ကျော်ရှိပြီး ထည့်ပစ်တဲ့ကျည်ဟာ တလုံးကို ၂ သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။

ဒီလို ၄၀ မမ ဗုံးသီး ၆ လုံးထည့်ပစ်နိုင်တဲ့ လက်နက် ထုတ်လုပ်နိုင်တဲ့အတွက် တခြား တော်လှန်ရေးအဖွဲ့တွေပါ မျှပေးသွားမယ်လို့ ဗိုလ်ကျော်ဝဏ္ဏက ဆက်လက် ပြောပါတယ်။

ဒေါင်းနီ အဖွဲ့အနေနဲ့ တခြား လက်လုပ်သနတ် အတို၊ အရှည်နဲ့ အဝေးပစ်များလည်း ထုတ်လုပ်ကာ မြေပြင်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

47 seconds Ago
Up