close

ဒေါင်းမြူးချောင်း

close

July 26, 2021

မူးမြစ်ကြီး နှင့် ဒေါင်းမြူးချောင်းရေ မြှင့်တက်မှုကြောင့် တံတားအချို့ ပျက်စီး (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသို၊ ကောလင်း နဲ့ ပင်လည်ဘူးမြို့နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မူးမြစ်ကြီး နဲ့ ဒေါင်းမြူးချောင်းရေ မြှင့်တက်မှုကြောင့် သစ်သားတံတားအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းမြူးချောင်းဟာ ဇူလိုင် ၂၆ ရက် မနက် ၆ နာရီနဲ့ မူးမြစ်ကြီးချောင်းရေက မနက် ၁၀ နာရီခွဲလောက်မျာ စတင်မြှင့်တက်လာတာပါ။

ဒီချောင်းရေမြှင့်တက်မှုကြောင့် ဝန်သိုမြို့နယ် နမော်ကျေးရွာမှာ ရွှေရှာနေတဲ့ ကျင်းသားတစ်ချို့ ရေလယ်ခေါင်မှာ ပိတ်မိတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်

ဒီချောင်းရေမြှင့်တက်မှုကြောင့် ရွှေကျင်းများမှာ ဆီပေပါတွေ၊ သစ်တုံးတွေ၊ အမှိုက်သရိုက်တွေ၊ ဒိုက်တွေ မျောပါလာတာတွေရှိသလို ချောင်းကမ်းတစ်လျှောက်ရှိ သစ်သားတံတားတစ်ချို့လည်း ပျက်စီးခဲ့ပါတယ်။

ချောင်းကမ်းတစ်လျှောက်ရှိ ကျေးရွာတစ်ချို့မှာလည်း ရေစတင်ဝင်ရောက်နေပြီးဖြစ်ပြီး ချောင်းရေမြှင့်တက်ချိန် ဆည်ကြီးရေနဲ့ပါ မပေါင်းဖို့ မိုးဆက်လက်မရွာဖို့ ဆုတောင်းနေရတယ်လို့ ဒေသခံတစ်ဦး ပြောပါတယ်။

9 mins Ago
Up