close

ဒေါပုံ

close

February 25, 2023

ဒေါပုံတွင် ဘတ်စ်ကားစောင့်နေသည့် အမျိုးသမီး ၁ ဦး ပိုက်ဆံအိတ်လု ဓားထိုးခံရ

ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်၊ ရန်အောင်ကားမှတ်တိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက လိုင်းကားစီးဖို့စောင့်နေတဲ့ အမျိုးသမီးတယောက်ဆီကနေ  အမျိုးသားတယောက်က  ပိုက်ဆံအိတ် လုယူတာမရလို့  ဓားနဲ့ထိုးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မနေ့ည ၈  နာရီက မင်းနန္ဒာလမ်းမကြီးပေါ်ရှိ ရန်အောင်မှတ်တိုင်မှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ YBS ဘတ်စ်ကား စောင့်နေချိန် အမည်မသိအမျိုးသားတယောက်က ပိုက်ဆံအိတ်ဝင်လုခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

"ပိုက်ဆံအိတ်ဝင်လုတော့ ကောင်မလေးက အော်ပြီးအကူအညီတောင်းတာ။ အော်ရမလားဆိုပြီး ဓားနဲ့ထိုးသွားတာ။ လက်နဲ့ခါးကို ထိုးသွားတာ။ မင်းမဲ့စရိုက်ဆန်ဆန်ပဲ။”

ကားမှတ်တိုင်မှာ ဓားဒဏ်ရာတွေနဲ့လဲကျနေတဲ့ အသက် ၂၀ အရွယ်အမျိုးသမီးကို ရှင်သန်ရေးလူမှုကူညီရေးအသင်းကကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကောင်မလေးကို လက်တွေရော၊ ခါးရော ဓားနဲ့ထိုးသွားတာ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ ပိုက်ဆံအိတ်ကတော့ ပါမသွားဘူး"လို့ ပြောပါတယ်။

အဆိုပါလုယက်မှုဖြစ်စဉ်မှာ ဓားနဲ့ထိုး လုယက်မှုကျူးလွန်တဲ့ အမျိုးသားကိုတော့ စစ်ကောင်စီ ရဲတွေက ဖမ်းဆီးရမိတာမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ၁၄ လမ်းဆုံအနီးမှာ အလုပ်ကနေ စက်ဘီးနဲ့ ပြန်လာတဲ့လူငယ်တယောက်ကို လုယက်သူတွေက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်လုသွားခဲ့ပါတယ်။ 

(AC)Photo/Crd

ရှင်သန်ရေးလူမှုကူညီရေးအသင်း

6 mins Ago

May 9, 2022

ဒေါပုံတွင် အမျိုးသား ၁ ဦးပစ်ခတ်ခံရပြီး လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ မေ ၈ ညနေပိုင်းက အမျိုးသားတယောက်  ပစ်ခတ်ခံရအပြီး လူငယ် ၃ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကြည်စုရပ်ကွက် ဓမ္မရိပ်သာလမ်းထဲမှာ  အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရအပြီး လမ်းအတွင်း နေထိုင်တဲ့ လူငယ်သုံးယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ညနေ ၅ နာရီကျော်လောက်မှာ  သေနတ်ပစ်ခတ်မှုဖြစ်တယ်။ အပစ်ခံရတဲ့ အမျိုးသားက လမ်းထဲကမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ နှစ်ယောက်က လာပစ်သွားတာ။ ဘာကြောင့်ပစ်လဲမသိရဘူး။ သေနတ်အပစ်ခံရအပြီး လမ်းထဲက လူငယ်လေးတွေကို လာဖမ်းသွားတာပဲ။ ကျနော်သိသလောက် အဖမ်းခံရတာ လူငယ် ၃ ယောက်ထက်တော့ မနည်းလှဘူး” လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူငယ်တွေကိုတော့ ဘယ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

10 months Ago
Up