close

ဒေါမူကလားရွာ

close

January 4, 2023

လွိုင်ကော်တွင် ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်အုပ်စုအနောက်ဘက်ခြမ်း၊ ဒေါမူကလားရွာအတွင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့  ဒေသခံ ၂  ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၃ ရက်  မနက် ၁၁ နာရီလောက်က  ဒေါမူကလား ကျေးရွာအတွင်းကို စစ်ကောင်စီဘက်မှ လက်နက် ၄ လုံး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၅ နှစ်အရွယ် ဦးဦးရယ် နေအိမ်အတွင်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ညာခြေထောက် ယမ်းစ ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

ဒေသခံတစ်ဦးက “စစ်တပ်က တိုက်ပွဲဖြစ်နေလို့ ပစ်တာမဟုတ်ပါဘူး။ လက်နက်ကြီးနဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိပစ်တာပါ။ ရွာထဲကို လက်နက်ကြီးကျတာ ၄ လုံး ဗျ၊ ပထမ တယောက်ထိလို့ ကျေးရွာက လူတွေပဲ ဆေးရုံပို့ပေးလိုက်တာ။ နောက်တယောက်ကိုတော့ ရွှေလွိုင်ကော်ပရဟိတအသင်းက ဆေးရုံပို့ပေးတယ်။ နှစ်ယောက်လုံး စိုးရိမ်စရာ မရှိဘူးလို့တော့ သိရတယ်”လို့ ပြောပါတယ်။ 

ကရင်နီဒေသမှာ တနှစ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၇ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ-Voice က ဖော်ပြထားပါတယ်။

10 mins Ago
Up