close

ဒေါ့မွန်

close

May 12, 2023

ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းချက်ကို ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ် လက်ခံသဘောတူ

ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံ သဘောတူလိုက်ပြီလို့သိရပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ  ဘယ်လင်ဂမ်ဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ရီးရဲလ်အသင်းရဲ့ကမ်းလှမ်းချက်ကို အလုံးစုံ သဘောတူလက်ခံခဲ့တယ်လို့ဆိုပါတယ်။

ကစားသမားနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မက်ဒရစ်အသင်းဟာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး မိခင်ကလပ် ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးဖို့သာကျန်ရှိတော့တယ်လို့ရိုမန်နိုက ဖော်ပြပါတယ်။

ရီးရဲလ်ကစားသမားဟောင်း အင်္ဂလန်ကစားသမားဟောင်း စတိဗ်မက်မန်နာမန်ကတော့ ဘယ်လင်ဂမ်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းဆီပြောင်းရွှေ့မယ်ဆိုရင် ဘုရင်တစ်ပါးလို ဆက်ဆံခံရမှာဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

10 mins Ago

May 4, 2023

ရီးရဲလ်အသင်းက ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ရန် နီးစပ်လာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ ဆွေးနွေးခဲ့ပြီး  နှစ်ဦးနှစ်ဖက် သဘောတူညီမှုရဖို့ နီးစပ်လာပါတယ်။ 

ရီးရဲလ်အသင်းတာဝန်ရှိသူတွေဟာ ဘယ်လင်ဂမ်ရဲ့ ဖခင်ဖြစ်သူနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ကွင်းလယ်လူ မိုဒရစ်ကို စာချုပ်သက်တမ်းတိုးဖို့ရှိပေမဲ့ ကြန့်ကြာမှုတွေရှိလာခဲ့တဲ့နောက်မှာ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ဆွေးနွေးခဲ့တာပါ။

တခြားကွင်းလယ်လူ တိုနီခရူးစ်နဲ့တော့ သက်တမ်းတိုးဖို့ သဘောတူညီ မှုရယူထားပြီး ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဟာ မိုဒရစ်ရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့ ဖြစ်တယ်လို့သိရပါတယ်။ 

ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲဖြစ်ပေမဲ့ ပေါင်သန်း ၁၃၀ နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းဘက်ကတော့ ဘယ်လင်ဂမ်ရဲ့နေရာမှာ ဖရန့်ဖတ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ဂျပန်ကွင်းလယ်လူ ကာမာဒါနဲ့ အစားထိုးအားဖြည့်သွားဖို့ ကြိုးပမ်းနေပါတယ်။

1 week Ago
Up