ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့ နန့်ဇာခြည်လင်းဟာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ဖြန် သူ့ရဲ့ ဈာပနကျင်းပ သင်္ဂြိုဟ်ဖို့ရှိပါတယ်။
နန့်ဇာခြည်လင်းဟာ အသက် ၃၉ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါ အပြင်းထန်ခံစားပြီး ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ပုသိမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
နန့်ဇာခြည်လင်းဟာ အ.မ.က (၁၃၂) ဆယ်ပင်လေး မူလတန်းကျောင်းအုပ် ဆရာမတဦးလည်းဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပုသိမ်မြို့ သစ်ရောင်းချောင်း မီးသင်္ဂြိုဟ်စက်ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ပတ်လည် ဆွမ်းကျွေးအလှူမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူးပြီး ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) အမှူးပြုတဲ့ သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနဲ့သင်္ကန်းတွေ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပါတယ်။
မွန်းလွဲပိုင်းမှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေက ဒေါ်ခင်ကြည်အတွက် ဘာသာအလိုက် အောက်မေ့ဖွယ်ရာ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါတယ်။
အခမ်းအနားမှာ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး၊ ဘဟာအီဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင်တွေက မေတ္တာစကား ပြောကြားတာနဲ့ ဆုတောင်းမေတ္တာပို့သတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
Photo : Myanmar State Counsellor Office