close

ဒေါ်နလ်ထရမ့်ပ်

close

April 13, 2023

၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ဆက်အရွေးခံမည်ဟု ဒေါ်နလ်ထရမ့်ပ်ပြော

အမေရိကန်သမ္မတဟောင်း ဒေါ်နလ်ထရမ့်ပ်ဟာ သူ့ကို ရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှား စီရင်လိုက်တယ်ဆိုရင်တောင် ၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ဆက်အရွေးခံသွားမှာဖြစ်ကြောင်း Fox ရုပ်သံအစီအစဉ်နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

ဒေါ်နလ်ထရမ့်ပ်ဟာ စီးပွားရေးလုပ်ငန်း မှတ်တမ်းတွေကို အတုပြုလုပ်မှု ၃၄ မှုနဲ့ စွဲချက်တင်ခံရပြီး နယူယောက်ပြည်နယ် မန်ဟက်တန်တရားရုံးမှာ တရားစွဲခံရပြီးနောက် ရက်ပိုင်းအတွင်းမှာ ဒီကိစ္စတွေကို သူမကျူးလွန်ထားကြောင်း Carlson ရှိုးရုပ်သံအစီအစဉ်မှာ ထရမ့်ပ်က ပြောသွားတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က ထရမ့်ဟာ ရာဇ၀တ်မှု ၃၄ မှုစလုံးအတွက် အပြစ်မရှိကြောင်း ၀န်ခံလျှောက်လဲခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်က သူနဲ့လိင်မှုရေးရာ ဆက်ဆံရေးရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးနဲ့ သတင်းတွေထွက်မလာဖို့ ငွေပေး နှုတ်ပိတ်ခဲ့ကြောင်းလည်း အစိုးရရှေ့နေတွေက သူ့ကို စွပ်စွဲထားပါတယ်။

အသက် ၇၆ နှစ်အရွယ် ထရမ့်ပ်ကတော့ သူ့ကို အိမ်ဖြူတော်ကို ပြန်မရောက်ရအောင် တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ တရားစီရင်ရေးစနစ်ကို အသုံးချပြီး နိုင်ငံရေး အတိုက်အခံတွေက သူ့ကိုအနှောင့်အယှက်ပေးနေတာလို့ ပြောပါတယ်။

အဲဒီအင်တာဗျူးထဲမှာပဲ ထရမ့်ပ်ဟာ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေးကို 'ထက်မြက်ပြီး ထိပ်တန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေ’ လို့ ချီးကျူးခဲ့ပါတယ်။

7 mins Ago
Up