ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ မွန်ပြည်နယ်လွှတ်တော် သထုံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ မိသားစုဝင်တွေက DVB ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံဆော်တာ ၊ စစ်အာဏာရှင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်မာမာခိုင်ကို စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက်ပေးထားပြီးဖြစ်လို့ လာမယ့် နိုဝင်ဘာ ၃၀ ရက်မှာ အမိန့်ချမှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ဟာ အကျဉ်းထောင်ထဲမှာ နှလုံးကြီးရောဂါကို ခံစားနေရပြီး မကြာခဏ မောတာနဲ့ ရင်အောင့်တဲ့ ဝေဒနာတွေ ခံစားနေရပါတယ်။
လွှတ်တော်အမတ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖာ်ဝါရီ ၂၈ ရက်က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပြီး နှစ်ယောက်စလုံးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးထားပါတယ်။
ကျိုက်မရောဗဟို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင် အမှုကို အခုလကုန်မှာ အမိန့်ချမှတ်သွားမယ်လို့ မိသားစုဝင်တွေက DVB ကို ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီက ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ စစ်အာဏာရှင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
NLD အမတ် ဒေါ်မာမာခိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်မာမာခိုင်အမှုအတွက် တရားခံပြ သက်သေတွေကို ဆက်လက် စစ်ဆေးနေပြီး၊ နိုဝင်ဘာလကုန်မှာ အမိန့်ချသွားဖို့ တရားရုံးဘက်က စီစဉ်ထားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံ NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ ဦးဉာဏ်ထွန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖာ်ဝါရီ ၂၈ ရက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ ၂ ဦးစလုံးကို အမှုဖွင့်အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။