close

ဒေါ်လာ ၂၄ သန်း

close

May 27, 2021

မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်မှုကြောင့် နေ့စဉ် ဒေါ်လာ ၂၄ သန်းမက ဆုံးရှုံးနေ

အင်တာနက်ဖြတ်တောက်မှုကြောင့် ဆုံးရှုံးရတဲ့ မြန်မာ့စီးပွားရေးဟာ နေ့စဉ် တရက်တိုင်းမှာ ဒေါ်လာ ၂၄ သန်းမက ရှိတယ်လို့ အင်တာနက်နည်းပညာရယူသုံးစွဲမူတွေကိုစောင့်ကြည့်နေတဲ့ Netblocks အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ အင်တာနက်သုံးစွဲပိုင်ခွင့်တွေ ကန့်သတ်ချုပ်ချယ်ခံခဲ့ကြရပါတယ်။ 

စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ထိန်းသိမ်းနိုဖို့စီစဉ်တဲ့ ဒီလို ဖိနှိပ်ချုပ်ခြယ်မှုဟာ သတင်းရယူပိုင်ခွင့်တွေဆုံးရှုံးရုံသာမက နိုင်ငံရဲ့စီးပွားရေးကိုပါ ချည့်နဲ့စေခဲ့ပါတယ်။ သတင်းထောက်တွေက သတင်းမတင်ပြနိုင်တော့သလို  မိသားစုတွေဟာလည်း ကိုဗစ်-၁၉ အန္တရာယ်က ကာကွယ်နိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေ မရရှိနိုင်တော့ပါဘူး။

စီးပွားရေးထိခိုက်ရာမှာ အထူးသဖြင့် အွန်လိုင်းစီးပွားရေးအလုပ်လုပ်ကိုင်သူ ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ အင်တာနက်ကို စတင်ပိတ်ဆို့လိုက်တာနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ပြိုကျပျက်စီးခဲ့ရတဲ့အကြောင်း လုပ်ငန်းရှင်တယောက်က နည်းပညာသတင်းတွေတင်ဆက်နေတဲ့  Rest of World ကိုပြောပါတယ်။

အွန်လိုင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်တဲ့ စစ်အစိုးရရဲ့ အင်တာနက်ပိတ်ဆို့မှုနဲ့  တခြားပိတ်ဆို့မူတွေအားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

7 mins Ago
Up