close

ဒေါ်လာ

close

April 23, 2023

ဒေါ်လာမလုံလောက်မှုကြောင့် ဘိုလီးဗီးယားပြည်သူများ အကျပ်အတည်းများနှင့်ရင်ဆိုင်နေရ

ဘိုလီးဗီးယားနိုင်ငံမှာ ဒေါ်လာမလုံလောက်မှုကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို အထိနာနေလို့ ဘိုလီးဗီးယားပြည်သူတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို လိုက်လျောညီထွေဖြစ်စေဖို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

မြို့တော် လာပက်ဇ်မှာ တချို့ဘဏ်တွေဟာ အမေရိကန်ဒေါ်လာ ပြန်ထုတ်ယူမှုကို တစ်ရက်လျှင် ၃၀၀ ကန့်သတ်ထား တာကြောင့် ဘဏ်ရုံးတွေအပြင်ဘက်မှာ ဒေါ်လာထုတ်ယူဖို့ နေ့စဉ်တန်းစီကြတာဖြစ်ပါတယ်။ 

ရလဒ်အနေနဲ့ အန်ဒီယမ်နိုင်ငံတွင်းမှာ ဒီနှစ်တွေအတွင်း အမေရိကန် ၁ ဒေါ်လာကို ဘိုလီဗီးယား ငွေကြေး ၈၅ ရာခိုင်နှုန်းလောက်နဲ့ လဲလှယ်တဲ့ အလွတ်ဈေးကွက်တစ်ခုလည်း ပေါ်ပေါက် လာခဲ့ကြောင်း ရိုက်တာရဲ့ တွေ့ရှိ စစ်ဆေးချက်တွေအရ သိရပါတယ်။ 

သွင်းကုန်လုပ်ငန်းရှင် ဂက်ဘရီယဲလာ ဖွှမ်တေက သူ့ကို ဘဏ်က ဒေါ်လာငွေလဲနှုန်း ဖြတ်ချမှာ ဖြစ်ကြောင်းနဲ့ ဘိုလီဗီးယားငွေကြေးကိုပဲ ထုတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းနဲ့ သူက ငွေပြန်ချေရမယ့်သူတွေကလည်း ဘိုလီဗီးယားငွေကြေးကို လက်မခံပဲ ဒေါ်လာနဲ့ ကောက်ခံတဲ့ အတွက် သူ့ဆီ ပစ္စည်းပေးသွင်းသူတွေကို ငွေပြန်မချေပေးနိုင်ကြောင်း ရိုက်တာစ်ကို ပြောပြပါတယ်။ 

အစိုးရကတော့ ထင်ကြေးပေး ပြောဆိုချက်တွေကို အပြစ်တင်ထားပါတယ်။ ဘိုလီးဗီးယား ဒုသမ္မတ ဒေးဗစ် ချိုကယ်ဟွမ်ကာ က “ငွေကုန်သွားပြီ” လို့ ဧပြီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မီလန်နီယို ဖောင်ဒေးရှင်းမှ တွေးခေါ်ပညာရှင် ဒါရိုက်တာ ဟန်နရီ အိုပေါ်တိုကတော့ ရှားပါးမှုဟာ နိုင်ငံတကာ အရန်ငွေတွေ လျော့နည်းခြင်း၊ ဘဏ္ဍာရေးလိုငွေပြမှု မြင့်မားခြင်းနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု မှားယွင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ဧပြီ ၂၁ ရက်မှာတော့ အောက်လွှတ်တော်ဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေတွေကို မြှင့်တင်ဖို့ ကြိုးပမ်းမှုမှာ လွှတ်တော်အမတ် ၃ ပုံ ၁ ပုံကျော်က ကြားနေမဲနဲ့  ရွှေဝယ်ယူမယ့် ဥပဒေကြမ်းကို အတည်ပြုခဲ့ပါတယ်။

11 mins Ago

April 4, 2023

ဘင်္ဂလားဒေ့ရှ်ဘဏ် ၂ ခုက ဒေါ်လာထုတ်မပေးတော့သဖြင့် မြန်မာကုန်သည်များ အခက်ကြုံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘဏ်တွေဖြစ်တဲ့ AB Bank နဲ့ Sonali Bank တွေက အမေရိကန်ဒေါ်လာထုတ်မပေးတော့လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်  ကုန်သည်တွေ အခက်တွေ့နေတယ်လို့  မြန်မာကုန်သည်ကြီးတွေထံက သိရပါတယ်။

AB Bank နဲ့ Sonali Bank တွေမှာ  အမေရိကန်ဒေါ်လာနည်းပါးလာလို့ ဧပြီ ၃ ရက်ကစပြီး ဒေါ်လာပေးချေတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားပြီး ယူကရိန်းစစ်ပွဲပြီးမှသာ  ဆက်လက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံးကနေ သိရပါတယ်။

နယ်စပ်ကုန်သည်တဦးက "ကျနော်တို့က ဘင်္ဂလားနဲ့ ကုန်သွယ်ရာမှာ ဘင်္ဂလားဘက်က AB Bank နဲ့ Sonali Bank နှစ်ခုနဲ့ပဲ ငွေပေးချေလေ့ရှိကြတာ။ အခု အဲဒီဘဏ် နှစ်ဘဏ်လုံးက မနေ့က စပြီး ဒေါ်လာတွေ ထုတ်မပေးတော့ဘူးဆိုတော့ မြန်မာ-ဘင်္ဂလား ကုန်သွယ်မှုက ကျဆင်းတာတောင်တောင် မကဘူး။  ရပ်တန့်သွားမယ်အနေအထားအထိဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။

မြန်မာ -ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရာမှာ အဆိုပါဘဏ်၂ ခုနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်တို့ ချိတ်ဆက် အလုပ်လုပ်ဆောင်နေကြရတာဖြစ်ပြီး ကုန်တင်ပို့မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒေါ်လာပေါက်စျေးနဲ့  ကုန်သည်တွေထံက ဝယ်ယူနေတာပါ။

မြန်မာကုန်သည်ကြီးတဦးက "ကျနော်တို့က ဘင်္ဂလားကို ကုန်တင်ပို့ပြီးရလာတဲ့ ကုန်သွယ်မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ၂၁၀၀ ပေါက်စျေးနဲ့ ရောင်းပေးရတယ်။ ကျန် ၃၅ ရာခိုင်းနှုန်းကိုတော့ ပြင်ပဒေါ်လာပေါင်စျေးနဲ့ရောင်းရတာ။ ပြင်ပပေါက်စျေးနဲ့က တစ်ဒေါ်လာမှာ ၇၀၀ ကနေ ၈၀၀ အထိ ကွာခြားတော့ အလွန်နှစ်ကြတာပေါ့ဗျာ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ပေါက် ၉ ခုအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာတစ်ခုတည်းနဲ့သာအခွန်ဆောင်ပြီး ပို့ကုန်တင်ပို့နေတာဖြစ်ပြီး ပို့ကုန်တန်ဖိုး ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ် ဒေါ်လာစျေးနဲ့ပဲ ရောင်းချနေရတဲ့အတွက်လည်း ကုန်သည်တွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

3 weeks Ago
Up