close

ဒေ့ါမွန်

close

June 30, 2022

ယူရိုသန်း ၁၂၀ ရမှ လူငယ်ကစားသမား ဘယ်လင်ဂမ်ကို ဒေါ့မွန်အသင်း ရောင်းချမည်

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ယူရိုသန်း ၁၂၀ (ပေါင် ၁၀၃ သန်း) ရရှိမှပဲ ရောင်းချဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဇွန် ၂၉ ရက်ကမှ အသက် ၁၉ နှစ်ပြည့်မြောက်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်လက်ရွေးစင် ကစားသမားတဦးဖြစ်ပြီး ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

ဒေါ့မွန်နဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ လာမယ့်ရာသီမှာ ယူရိုသန်း ၁၂၀ ရရှိမှသာ အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ စီစဉ်ထားပါတယ်။

ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေက စိတ်ဝင်စားနေပါတယ်။

11 mins Ago

April 7, 2022

လီဗာပူးကို မပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တရမိကြောင်း ဂျာမန်ကွင်းလယ်လူ ဂေါ့ဇီ ပြော

လီဗာပူးအသင်းဆီကို မပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တရမိတယ်လို့ ဂျာမန်ကွင်းလယ်လူ ဂေါ့ဇီက ပြောပါတယ်။

ဂေါ့ဇီဟာ လက်ရှိအချိန်မှာ ဟော်လန်ကလပ် ပီအက်စ်ဗွီအသင်းမှာ ကစားနေပြီး ၂၀၁၆ ခုနှစ်က လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ဖူးတာပါ။

၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ဂေါ့ဇီဟာ အသင်းတိုင်းရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာတော့ လီဗာပူးနည်းပြ ကလော့ပ်က ခေါ်ယူဖို့ ဆွေးနွေးခဲ့တာပါ။ ဂေါ့ဇီဟာ ဒေါ့မွန်အသင်းမှာကတည်းက နည်းပြ ကလော့ပ်နဲ့ အလွန်ရင်နှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့ချိန် ဒေါ့မွန်အသင်းမှာ နေရာပေးခဲ့တဲ့ ဂေါ့ဇီကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် ဂေါ့ဇီက လက်မခံခဲ့ဘဲ ဘိုင်ယန်ကနေ ဒေါ့မွန်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

“နည်းပြကလော့ပ်နဲ့က အမြဲတမ်း အဆက်အသွယ်ရှိခဲ့ပြီး အဲဒီအချိန်က လီဗာပူးဆီ ပြောင်းရွှေ့ဖို့ သူကပြောခဲ့တယ်။ ဒါပေမယ့် လီဗာပူးဆီလာဖို့ စိတ်ကူးမရှိခဲ့တာကြောင့် ဖြစ်မလာခဲ့ပါဘူး။ အဲဒီအတွက် နောင်တရသလားလို့ မေးရင်တော့ ပြန်တွေးရတာ အလွန်ခက်ခဲပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ပြန်တွေးကြည့်ရင်တော့ နောင်တရမိတယ်လို့ပဲ ဆိုရမှာပါ။ ကျနော်ဟာ လီဗာပူး အသင်းဆီကို သေချာပေါက် ပြောင်းရွှေ့ခဲ့သင့်ပါတယ်” လို့ ဂေါ့ဇီက ပြောပါတယ်။

ပီအက်စ်ဗွီအသင်းဟာ ယူရိုကွန်းဖရန့်လိဂ်မှာ လက်စတာနဲ့ တွေ့ဆုံနေပြီး ဂေါ့ဇီဟာ ပထမအကျော့ပွဲစဉ်ကို အင်္ဂလန်မှာ လာရောက်ကစားရမှာ ဖြစ်ပါတယ်။

3 months Ago
Up