ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရဲ့ နံပါတ် ၄ ဂျာစီကို ယူခဲ့ပေမယ့် နိူင်းယှဉ် ချီးကျူးခြင်းမပြုလုပ်ဖို့ ကစားသမားသစ် အလာဘာက ပြောပါတယ်။
သြစတြီးယားနောက်ခံလူ အလာဘာဟာ ဘိုင်ယန်မြူးနစ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့သွားတဲ့ နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မှာ ၁၆ နှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုဆုဖလားတွေ အများအပြားရယူပေးခဲ့တာပါ။
“ဒီကျော့နံပါတ် ၄ ဂျာစီဝတ်ဆင်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ။ ဒီဂျာစီက ခမ်းနားကြီးကျယ်ပြီး စိတ်ဓာတ်လှုံ့ဆော်မှုလည်းပေးနိုင်စွမ်းရှိပါတယ်။ ပြီးတော့ ရာမို့စ်လိုလည်း အောင်မြင်မှုတွေရယူပေးချင်ပါတယ်။ ဒါပေမယ့် ကျနော်ဒီကိုလာတာက တခြားကစားသမားနဲ့ နှိုင်းယှဉ်ဖို့နဲ့ အစားထိုးဖို့လာတာမဟုတ်ပါဘူး။ ဒေးဗစ်အလာဘာ တစ်ယောက် ဖြစ်ဖို့ရောက်လာတာပါ” လို့ အလာဘာ က ပြောပါတယ်။
အသက် ၂၉ နှစ်ရှိ နောက်ခံလူ အလာဘာဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါ ၁ဝ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ဂျာမန်ဖလား ၆ ကြိမ်ရယူနိုင်ခဲ့ ပါတယ်။ ရာမို့စ်ကတော့ လာလီဂါဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပါတယ်။