close

ဓာတုစက်ရုံပေါက်

close

October 22, 2021

ရုရှားတွင် ဓာတုစက်ရုံပေါက်ကွဲပြီး ၁၆ ဦး သေဆုံး

ရုရှားနိုင်ငံအနောက်ပိုင်း ရေဇန်ပြည်နယ်ရှိ ယမ်းမှုန့်နဲ့ ဓာတုပစ္စည်းစက်ရုံတရုံမှာ ပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းတာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အောက်တိုဘာ ၂၂ ရက်မှာ ရုရှား TASS သတင်းဌာနက ဖော်ပြပါတယ်။

အရေးပေါ်ဝန်ကြီးဌာနကတော့ အဲ့ဒီမတော်တဆမှုမှာ သေဆုံးသူ ၁၂ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး လေးဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

မတော်တဆမှုဟာ စက်ရုံမှာ သင့်လျော်တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် ဖြစ်တယ်လို့ သတင်းရင်းမြစ်ရဲ့ပြောဆိုချက်ကို TASS က ကိုးကား ဖော်ပြပါတယ်။ 

1 min Ago
Up