close

ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု

close

October 6, 2022

သိပ္ပံပညာရှင် ၃ ဦးကို ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်

သိပ္ပံပညာရှင် ကာရိုလင်းဘာတိုဇီ၊ မော်တန်မယ်ဒဲလ်နဲ့ ဘာရီရှာ့ပ်လပ်စ် တို့ဟာ မော်လီကျူးတွေကို ဒြပ်ပေါင်းအသစ်တွေအဖြစ် ဖန်တီးဖို့နဲ့ ဆဲလ်ဇီဝဗေဒဆိုင်ရာ ထိုးထွင်းသိမြင်နိုင်တဲ့ တုံ့ပြန်မှုတွေကို ရှာဖွေတွေ့ရှိခဲ့လို့ ၂၀၂၂ ခုနှစ် ဓာတုဗေဒနိုဘယ်ဆုကို အောက်တိုဘာ ၅ ရက်မှာ ရရှိခဲ့ပါတယ်။

ဘာတိုဇီဟာ စတန်းဖို့ဒ်တက္ကသိုလ်၊ ရှပ်လပ်စ်က ကယ်လီဖိုးနီးယားပြည်နယ်က စခရစ်ပ်စ် သုတေသနတက္ကသိုလ်နဲ့ မယ်ဒဲလ်က ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တက္ကသိုလ်တို့မှာ အသီးသီး အလုပ်လုပ်နေကြပါတယ်။

ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အသုံးချမှု အမြောက်အမြားနဲ့အတူ အခု စမ်းသပ်မှုမှာ ကင်ဆာဆေးဝါးတွေကို ပစ်မှတ်ထားမှု မြှင့်တင်ဖို့ ဓာတုဗေဒနဲ့ ဇီဝဓာတုဗေဒ နယ်ပယ်ကို အသုံးချထားတာပါ။

ဆုရရှိသူတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေကို ကင်ဆာရောဂါဗေဒထက် ကျော်လွန် အသုံးပြုခဲ့တယ်၊ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ ရောဂါရှာဖွေစမ်းသပ်မှုတွေ၊ သံချေးမတက်စေဖို့နဲ့ တောက်ပစေတဲ့ အေးဂျင့်တွေလို ထုတ်ကုန်တွေအတွက်ပါ သုံးခဲ့လို့ ကင်ဆာရောဂါဗေဒထက် ကျော်လွန်အသုံးပြုခဲ့တယ်လို့ တက္ကသိုလ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြပါတယ်။

ဆုရှင် ရှာ့ပ်လပ်စ်ဟာ နိုဘယ်ဆုကို ဒုတိယအကြိမ်ရသူလည်း ဖြစ်ပါတယ်။ သူ့လိုပဲ နိုဘယ်ဆု နှစ်ဆု ရရှိထားသူတွေကတော့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု နှစ်ကြိမ်ရတဲ့ ဂျွန် ဘာဒင်းန်၊ ရူပဗေဒနဲ့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုတွေရရှိခဲ့တဲ့ မာရီကျူရီ၊ ဓာတုဗေဒနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့တဲ့ လင်းနပ်စ်ပေါ်လင်းနဲ့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု နှစ်ကြိမ်ရခဲ့တဲ့ ဖရက်ဒရစ်ခ် စန်ဂါတို့ ဖြစ်ကြပါတယ်။

6 mins Ago
Up