close

ဓာတ်ကြိုး

close

February 3, 2022

ကွန်ဂိုတွင် ဓာတ်ကြိုးကို မိုးကြိုးထိမှန်ပြီး ဈေးထဲပြုတ်ကျသဖြင့် လူ ၂၆ ဦး သေဆုံး

ကွန်ဂိုဒီမိုက်ရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာရဲ့ ရပ်ကွက်တခုမှာ ဗို့အားမြင့်မားတဲ့ ဓာတ်ကြိုးကို မိုးကြိုးထိမှန်ပြီး၊ အိမ်တွေနဲ့ ဈေးပေါ် ပြုတ်ကျခဲ့တာကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်ပွားမှုနေရာကို ဝန်ကြီးချုပ် ယန်မစ်ရှယ်ဆာမာ ရောက်ရှိလာကာ ကေဘယ်လ်ကြိုးက  အမျိုးသမီးတွေ ဈေးရောင်းတဲ့နေရာက ရေအိုင်ထဲပြုတ်ကျခဲ့တာလို့ သတင်းသမားတွေကို  ပြောဆိုခဲ့ပြီး မိသားစုတွေကိုလည်း ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ အမျိုးသမီး ၂၄ ဦးနဲ့ အမျိုးသား ၂  ဦး သေဆုံးပြီး တခြား ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာပါ။ လူဦးရေ ၁၃ သန်းကျော်ရှိတဲ့ ကင်ရှာဆာမြို့မှာ လူနေရပ်ကွက်တွေပေါ် သွယ်တန်းထားတဲ့ ကေဘယ်လ်ကြိုးတွေဟာ သက်တမ်းကြာရှည်နေပြီး မကြာခဏ ပြုတ်ကျလေ့ရှိတာပါ။ 

2 mins Ago
Up