close

ဓာတ်ငွေ့ပေါက်ကွဲ

close

April 24, 2023

ဘရာဇီးလ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၄ ဦး ဒဏ်ရာရ

ဘရာဇီးလ်နိုင်ငံမှာ ဧပြီ ၂၂ ရက် ညက ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့ပြီး တိုက်ခန်း ၁၀ ခန်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။

ဆောင်ပါလိုပြည်နယ် အလယ်ပိုင်းက တိုက်ခန်းတစ်ခန်းမှာ မီးဖိုချောင်အတွင်း ပေါက်ကွဲပြီးတဲ့နောက် သေဆုံးသူနှစ်ဦးအနက် တဦးဟာ ၇၀ ရာခိုင်နှုန်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ တခြားလူနှစ်ဦးက ဒဏ်ရာ နည်းနည်းပဲ ရခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

7 mins Ago

March 16, 2023

ကိုလံဘီယာ ကျောက်မီးသွေးတွင်းများတွင် ဓာတ်ငွေ့ပေါက်ကွဲ၊ အနည်းဆုံး လူ ၁၁ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံအလယ်ပိုင်း၊ ကွန်ဒီနမာရ်ကာပြည်နယ်မှာ တဆက်စပ်တည်းရှိနေတဲ့ ကျောက်မီးသွေးတွင်း ၆ တွင်းမှာ ဓာတ်ငွေ့တွေ စုဖွဲ့အောင်းနေရာက ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး မြေအောက်မှာ  ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၁၀ ဦးကို ကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့တွေ အာရုံစိုက်လုပ်ဆောင်နေကြောင်း အာဏာပိုင်တွေက မတ်လ ၁၅ ရက်မှာ ပြောပါတယ်။

ပေါက်ကွဲမှုဟာ မြို့တော် ဘိုဂိုတာရဲ့ မြောက်ဘက် ၇၅ ကီလိုမီတာ (၄၆ မိုင်) အကွာ ဆူတာတောဆာ ကျေးလက်ဒေသမှာ မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့တာပါ။

လူ ၂ ဦးကို ကယ်ဆယ်ထားပြီး ၇ ဦးက ကယ်ဆယ်ပေးရခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။

ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ သမ္မတ ဂူစတာဗို ပေထရိုကပြောကြားလိုက်ပြီး ဘေးသင့်သူတွေနဲ့ မိသားစုတွေကိုလည်း အားပေးနှစ်သိမ့်လိုက်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ယာဉ်တွေလည်း ကျောက်မီးသွေးမိုင်းတွင်း ၆ ခုမှာ အဆင်သင့်ရှိနေပြီး ပျောက်ဆုံးနေသေးတဲ့ မိုင်းတွင်းလုပ်သား ၁၀ ဦးကို အသက်ရှင်ရက် ရှာတွေ့နိုင်ဖို့ လုပ်ဆောင်နေကြကာ မိုင်းလုပ်သားတွေနဲ့ ဆွေမျိုးသားချင်းတွေကလည်း စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်ဖို့ အားပေးမှုတွေ လုပ်နေကြပါတယ်။

ကယ်ဆယ်နိုင်ခဲ့တဲ့ မိုင်းလုပ်သားတဦးရဲ့ ဇနီးသည်ကတော့ သူ့ခင်ပွန်းဟာ ကယ်ဆယ်မခံရမီက ၆ နာရီကြာ ပိတ်မိနေခဲ့ကြောင်း ဒေသခံမီဒီယာကို ပြောပါတယ်။

ပိတ်မိနေသေးတဲ့ မိုင်းတွင်းလုပ်သားတဦးရဲ့မိခင် အန်ဂျလာ ပီနေဒါက သူ့သား အသက်ရှင်နေမယ်ဆိုတာကို ခံစားမိကြောင်း ပြောပါတယ်။

အခုပေါက်ကွဲမှုဖြစ်တဲ့ မိုင်းတွင်းတွေကတော့ လုပ်ကိုင်ခွင့်ရ မိုင်းတွင်းတွေဖြစ်ကြောင်း အမျိုးသား သတ္တုတွင်းအေဂျင်စီက ပြောပါတယ်။

ကိုလံဘီယာနိုင်ငံရှိ မြေတွင်းနဲ့ မြေအောက် ကျောက်မီးသွေးတွင်းနဲ့ ရွှေတွင်းတွေဟာ အများစုက တရားမဝင် သို့မဟုတ် အလွတ်သဘော လည်ပတ်မှုတွေနဲ့ သင့်လျော်တဲ့ ဘေးကင်းရေးအစီအမံတွေ မရှိကြတာကြောင့် ပြင်းထန်တဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။

1 month Ago
Up