နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာမှာ မတ်လ ၁၈ ရက်က ရေတွင်းတူးနေတဲ့အချိန် ဂက်စ်အနံ့ရပြီး မီးထတောက်တာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားထားပေမဲ့ ဒီနေ့အထိ လာရောက်စစ်ဆေးတာ မရှိတဲ့အတွက် ဂက်စ်ပေါက်ကွဲမှုဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
လယ်ပြင်မကျေးရွာမှာ ရေရှားတာကြောင့် အနက်ပေ ၂၀၀ အထိ ရေတွင်းတူးနေချိန်မှာ ဂက်စ်အနံ့ရတဲ့အတွက် မီးခြစ်ကြည့်ချိန်မှာ မီးထတောက်ခဲ့တာလို့ ကျေးရွာဒေသခံတဦးက ဆိုပါတယ်။
အရင်က တပ်ကုန်းလမ်းတွေမှာ ဂက်စ်လိုင်းတွေ မြှုပ်တာမျိုးတွေရှိပြီး ရွာဘက်တွေမှာတော့ မြှုပ်လေ့မရှိဘဲ အခုက ဘာကြောင့်ဖြစ်တယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီလို မီးတောက်နေတာကို ဒေသခံတွေက သက်ဆိုင်ရာကို အကြောင်းကြားပေမဲ့ လာရောက်တာမရှိတဲ့အတွက် မီးတောက်မကြီးအောင် သဲအိတ်တွေနဲ့ ဖုံးထားရတယ်လို့ သိရပါတယ်။
နော်ဝေအစိုးရဟာ ဂျာမနီနိုင်ငံဆီ ဓာတ်ငွေ့တွေ တတ်နိုင်သမျှ ပေးပို့နေပြီး နောက်ထပ် ပိုတိုးပို့ဖို့က အသစ်တွေ့တဲ့အပေါ် မူတည်မယ်လို့ နော်ဝေဝန်ကြီးချုပ် ယိုနပ်စ် ဂါး စတီးယားက သြဂုတ် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
အနောက်ဥရောပရဲ့ အကြီးဆုံး ရေနံထုတ်လုပ်သူ နော်ဝေဟာ အခုနှစ်မှာ စံချိန်တင် စျေးနှုန်းတွေကို အခွင့်ကောင်းယူဖို့ ဓာတ်ငွေ့တင်ပို့မှုကို မြှင့်တင်ခဲ့တာပါ။
ရုရှားက ဥရောပကို ဓာတ်ငွေ့တင်ပို့မှု လျှော့ချလိုက်ချိန်မှာ ဆုံးရှုံးသွားတဲ့ ပမာဏတချို့ကို ဥရောပဆီ အစားထိုးပို့ပေးဖို့ ကူညီခဲ့ပါတယ်။
“ကျနော်တို့ အစောပိုင်းမှာ တင်ပို့ခဲ့တဲ့ ဓာတ်ငွေ့တင်ပို့မှု ပမာဏ စုစုပေါင်းထက် အခု ၁၀ ရာခိုင်နှုန်းလောက် ပိုပြီးတိုးမြှင့်ပေးပို့ခဲ့ပြီးပြီ။ ဒီအဆင့်ကို ထိန်းသိမ်းနိုင်ဖို့ ကုမ္ပဏီတွေနဲ့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” လို့ စတီးယားက ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နောက်ထပ် ပိုတိုးပို့ပေးနိုင်ဖို့က အရင်းအမြစ်တွေ ရှာဖွေတာနဲ့ ဖွံ့ဖြိုးတိုးတက်တာအပေါ် မူတည်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဂျာမန်ဝန်ကြီးချုပ်က နော်ဝေရဲ့ ကြိုးပမ်းမှုကို ကြိုဆိုခဲ့ပါတယ်။
ရုရှားဟာ ဂျာမနီရဲ့ အဓိက ဓာတ်ငွေ့တင်သွင်းသူပါ။ ရုရှားစွမ်းအင်လုပ်ငန်း ဂက်ဇ်ပရွန်က နော့ဒ်စထရင်းမ် ဝမ်း ပိုက်လိုင်းကတဆင့် ဂျာမနီဆီ ဓာတ်ငွေ့ပေးပို့တဲ့ ပမာဏကို ၂၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခဲ့ပါတယ်။
ဆောင်းရာသီမတိုင်မီ သိုလှောင်မှုအားဖြည့်ဖို့ ဥရောပတိုက်ရဲ့ ကြိုးပမ်းမှုကြောင့် နော်ဝေနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု တန်ဖိုးဟာ ဇူလိုင်လမှာ ဒေါ်လာ ၁၃ ဒသမ ၂၂ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။