close

ဓာတ်ဆီဆိုင်မီးလောင်

close

February 13, 2022

မိုးကုတ်မြို့တွင် ဓာတ်ဆီဆိုင်မီးလောင်၊ ဆိုင်ပိုင်ရှင် ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်းမြို့မ အပိုင်း (၁) ရပ်ကွက်က အောင်ဇေယျာဆီဆိုင်က ဖေဖော်ဝါရီလ ၁၂ ရက်​နေ့ နေ့ခင်းပိုင်းက မီးလောင်ကျွမ်းခဲ့တာကြောင့် ဆီဆိုင်ပိုင်ရှင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီအသင်းက ပြောပါတယ်။

“ဓာတ်ဆီလှယ်ရင်းနဲ့မီးလောင်တာ၊ ဆီဆိုင်ပိုင်ရှင်က လက်နဲ့ခြေထောက်မှာမီးလောင်သွားတယ်။ ဒဏ်ရာမပြင်းထန်ဘူး” လို့ မြို့နယ်ကြက်ခြေနီအသင်းကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီ ကျော်လောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဆိုင်နဲ့ သွပ်မိုးထရံကာ  ၄ ခန်း ၂ ခန်းတွဲ မီးလောင်ကျွမ်းသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

Photo မြို့နယ် ကြက်ခြေနီအသင်းက

10 mins Ago
Up