close

ဓာတ်ဆီဆိုင် ဗုံးပေါက်

close

June 24, 2021

ဒီပဲယင်းမြို့က ဓာတ်ဆီဆိုင်တွင် ဗုံးပေါက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့၊ ကံပြားရပ်ကွက်ရှိ အောင်သုခဆီဆိုင်မှာ ဇွန် ၂၄ ရက် မနက် ၁၁ နာရီလောက်က  ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

“ဆီဆိုင်ပိုင်ရှင်က ကိုယုနိုင်တဲ့၊ သူက စစ်တပ်ကို ထောက်ခံအားပေးသူ တစ်ဦးဗျ၊ကျနော်တို့ နွေဦးတော်လှန်ရေး ဆန္ဒပြနေသူတွေကိုလည်း ဆဲဆိုကြိမ်းဝါးခဲ့ဖူးသူပေါ့။ စစ်တပ်လာရင်လည်း ကူညီထောက်ပံ့မှုတွေ လုပ်တယ်လို့တော့ ပြောနေကြတယ်။ ဒလန်အကြီးစားပေါ့ဗျာ” 

ဒီပဲယင်းမြို့မှာ ပထမဆုံးအကြိမ်  ဗုံးပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ ပျက်စီးဆုံးရှုံးမှု တချို့တော့ ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက် ဂိတ်တွေချပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

12 hours Ago
Up