close

ဓာတ်ဆီဗုံးများဖြင့် တိုက်ခိုက်

close

April 11, 2023

မြောက်ပိုင်းအိုင်ယာလန်တွင် ဆန္ဒပြသူများက ရဲများကို ဓာတ်ဆီဗုံးများဖြင့် တိုက်ခိုက်

ဗြိတိန်နိုင်ငံ မြောက်ပိုင်းအိုင်ယာလန် လန်ဒန်ဒါရီမြို့မှာ Good Friday ငြိမ်းချမ်းရေးသဘောတူညီချက် ကို ဆန့်ကျင်တဲ့ ချီတက်ပွဲမှာ မျက်နှာဖုံးစွပ်အိုင်ယာလန်ဆန္ဒပြသူအများအပြားက ရဲတွေကို ဓာတ်ဆီဗုံးတွေ၊ တခြားပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မလာရောက်ခင် တစ်ရက်အလို ဧပြီ ၁၀ ရက်မှာ ခုလိုဖြစ်ခဲ့တာပါ။

အဓိကအားဖြင့် အိုင်ယာလန်အမျိုးသားရေးဝါဒီတွေရဲ့ နယ်မြေထဲမှာ တစက်ခြမ်းမှာ မီးတောက်တွေဖုံးနေတဲ့ ကျည်ကာရဲကားတစ်စီးကို လူတွေက ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်နေတာကို ရိုက်တာသတင်း ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။

ရဲတပ်ဖွဲ့က ထိခိုက်ဒဏ်ရာ ရသူမရှိဘူးလို့ ပြောရင်း တည်ငြိမ်အေးချမ်းစေဖို့ မေတ္တာရပ် ခံခဲ့ပါတယ်။ တနင်္လာနေ့က မြောက်အိုင်ယာလန်မှာ ဆယ်စုနှစ် သုံးခုကြာ အကြီးအကျယ် ဖြစ်ခဲ့တဲ့ ဂိုဏ်း ဂဏ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ခဲ့တဲ့ Good Friday သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။

ငြိမ်းချမ်းရေးကို ဆန့်ကျင်တဲ့ အဖွဲ့ငယ်တွေရဲ့ ကြိုးကြားကြိုးကြား အကြမ်းဖက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

2 mins Ago
Up