close

ဓာတ်ပုံသတင်းထောက်

close

January 19, 2022

မက္ကဆီကိုတွင် ဓာတ်ပုံသတင်းထောက်တစ်ယောက် နေအိမ်ရှေ့ သေနတ်ဖြင့် ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ဖြစ်တဲ့ တီဟွာနာမြို့မှာ ဓာတ်ပုံသတင်းထောက်တယောက်  နေအိမ်အပြင်ဘက်မှာ ခေါင်းကိုသေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။

အသက် ၄၉ နှစ်အရွယ် မာဂရီတို မာတီးနက်ဇ်ဟာ တီဟွာနာမြို့ကို ခြိမ်းခြောက်နေတဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာအတော်များများအတွက် အစီရင်ခံရင်း မြို့ထဲမှာ ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့သူပါ။ 

နေအိမ်အပြင်မှာ သေနတ်နဲ့ပစ်ခံရပြီး ခေါင်းမှာဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မာတီးနက်ဇ်  အလောင်းကို အရာရှိတွေက တွေ့ခဲ့တယ်လို့ တီဟွာနာ အစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။ 

မူးယစ်ဂိုဏ်းတွေရဲ့ နယ်မြေလုစစ်ပွဲအတွင်း ပဋိပက္ခတွေကြောင့် တီဟွာနာမြို့ဟာ မက္ကဆီကို နိုင်ငံအတွင်း အရက်စက်ဆုံး မြို့တွေထဲကတခု ဖြစ်လာနေပါတယ်။

3 mins Ago

July 1, 2021

အိုးဘိုအကျဉ်းထောင်ကနေ သံဃာတချို့ ၊ ဓာတ်ပုံသတင်းထောက်နှင့် မသန်စွမ်းတို့ ပြန်လွတ်

ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

လွှတ်ပေးတဲ့အထဲမှာ မေ ၉ ရက်နေ့က မန္တလေး သံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီး ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း နဲ့ ၁၁၂ လမ်းအနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ မသန်စွမ်းအမျိုးသား ကိုစိုင်းလှမင်း ပါဝင်လာခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့က လမ်း ၃၀၊ ၈၃ လမ်း နဲ့ ၈၄ လမ်းမှာ မန္တလေး သံဃသမဂ္ဂစစ်ကြောင်း ကို အကြမ်းဖက် ဖြိုခွင်းပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သံဃာ ၂ ပါးလည်း လွတ်မြောက်ခဲ့ပါတယ်။

ဒါ့အပြင် မေ ၂၈ ရက်နေ့ကပဲ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ထဲ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခံရတဲ့ Myanmar Pressphoto Agency က ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော်လည်း လွတ်မြောက်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။

မန္တလေး အိုးဘိုထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ည ၇ နာရီကျော်က စလွှတ်တာဖြစ်ပြီး ညမထွက်ရသတ်မှတ်ထားတဲ့ ၁၀ နာရီကျော်တဲ့အထိ လွှတ်ပေးနေတယ်လို့ သိရပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံရသူတွေကို ၃ ရက် ခွဲပြီးလွှတ်ပေမယ်လို့ သိရပြီး ဇွန်လ ၃၀ ရက်နေ့မှာတော့ ၁၇၀ ကျော် လွှတ်ပေးခဲ့ပါတယ်။

7 months Ago
Up