close

ဓာတ်မှန်စက်

close

September 3, 2022

PDF Kalay က PHO-Kalay ကျန်းမာရေးဌာနသို့ ဓာတ်မှန်စက်လှူဒါန်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က People Health Organization - Kalay အတွက် လိုအေပ်နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းခဲ့တယ်လို့ PHO-Kalay က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေး PDF တပ်ရင်း ၁ ရဲ့တာဝန်ခံ ကိုသူရိန်ဇင်က  "ပြည်သူလူထုရဲ့ စုပေါင်းလှူဒါန်းမှု နဲ့ ကလေး PDF က ကလေးပြည်သူ့ဆေးရုံရဲ့ လိုအပ်‌နေတဲ့ ဓာတ်မှန်စက်ကို လှူဒါန်းပေးခဲ့တာ" လို့ ပြောပါတယ်။

ကလေးပြည်သူ့ဆေးရုံရဲ့ တာဝန်ခံဆရာက‌ "အခုလို ဓာတ်မှန်စက်လှူဒါန်းတဲ့အတွက် ကုသရတဲ့ အပိုင်းမှာ အချိန်မကုန်စေဘဲ အဆင်ပြေစွာ သေချာတိတိကျကျ ကုသလို့ ရတယ်။ ရဲဘော်တွေ တိုက်ပွဲတွင်းမှာ ဒဏ်ရာရတဲ့အခါလည်း မမြင်ရတဲ့ အတွင်းပိုင်း‌‌နေရာ‌တွေကို ဓာတ်မှန် ရိုက်ကြည့်ပြီး ကုသရတော့ ပိုအဆင်ပြေသွားတယ်” လို့  ပြောပါတယ်။

ပြည်သူနဲ့ ရဲဘော်တွေအတွက် PHO - Kalay ရဲ့ လက်ရှိ လည်ပတ်နေတဲ့ ကျန်းမာရေးကဏ္ဍမှာ ဓာတ်မှန်စက်တလုံးထားရှိပေးထားပြီး အသုံးပြုနေတယ်လို့ ကလေးပြည်သူ့ ကျန်းမာရေးဌာနက အသိပေးထားပါတယ်။

ကလေးပြည်သူ့ဆေးရုံကို ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်က ကလေး PDF ရဲဘော်တွေ၊ CDM ဆရာဝန်‌တွေ၊ Medical အဖွဲ့တွေနဲ့ စုပေါင်းပြီး လွတ်မြောက်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

3 hours Ago
Up