close

ဓာတ်အားတိုင်

close

December 23, 2021

ပြည်ကာကွယ်ရေးပစ္စည်းစက်ရုံကို သွယ်တန်းထားသည့် ဓာတ်အားတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာရှိတဲ့ အမှတ် ၁၉ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၉) ကို လျှပ်စစ်ဓာတ်အားသွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်အားတိုင် ၁ တိုင်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တပ်ခွဲတခုဖြစ်တဲ့ People Shadow Ranger အဖွဲ့က လုပ်တောင်ခဲ့တာလို့ ဆိုပါတယ်။

“ကပစ ၁၉ ကို လျှပ်စစ်သွယ်တန်းထားတဲ့ ဓာတ်တိုင်တွေထဲကမှ ပျဉ်းမအိုင်ကျေးရွာ၊ တီတွတ်ဘူတာရုံရှေ့မှာရှိတဲ့ ဓာတ်အားလိုင်းတိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာပါ” လို့ People Shadow Ranger (PSR) အဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။

လျှပ်စစ်ဓာတ်အားပေးတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကပစ ၁၉ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားတယ်လို့ အဆိုပါတပ်ရဲ စက်ရုံဝန်ထမ်း ၁ ဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက် နေ့ကလည်း ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံး လုံခြုံရေးကင်းစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး အရာရှိ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pyay PDF) က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up