close

ဓားခုတ်ခံရမှု

close

October 5, 2022

မြင်းခြံခရိုင်တွင် တညတည်း အမျိုးသား ၆ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မှာ အောက်တိုဘာ ၃ ရက်ညက အမျိုးသား ၅ ယောက် ဓားခုတ်အသတ်ခံရပြီး ကားလမ်းဘေးမှာ အလောင်းစွန့်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနက်အစောက မြို့ပြင် ဂေါက်ကွင်းနဲ့ ကျောက်လုံးကြီးကွေ့မှာ အမျိုးသားအလောင်းတွေ တွေ့တယ်လို့ ကြားတာ။ နေမြင့်မှသိရတာ မြို့ပေါ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ‌၂ ဦးနဲ့ ဆီစက်ပိုင်ရှင် ၁ ဦး၊ ထန်းဂွရွာက အမျိုးသား ၂ ဦးလို့ သိရတာ။ ဘယ်သူတွေ သတ်သွားတယ်တော့ မသိဘူး” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ အမှတ် ၂ ရပ်ကွက်က ဆီစက်ပိုင်ရှင် ဦးကျော်ဆန်း၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ဦးသိန်းလွင်နဲ့ ဦးလှစိုး၊ ထန်းဂွရွာက ကိုကျော်မင်းနဲ့ ကိုဇင်မင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဦးသိန်းလွင်နဲ့ နီးစပ်သူတယောက်က “မနက်အစောပိုင်းက ကား ၂ စီးနဲ့ လူတွေရောက်လာပြီး လာခေါ်သွားတာပဲ။ နေမြင့်မှ အလောင်းတွေ့တယ် ကြားရတာ။ လာခေါ်တဲ့သူတွေကိုလည်း မသိဘူး။ ဘယ်အဖွဲ့ကဆိုတာ မသိဘူး” လို့ ပြောပါတယ်။

အလားတူ အောက်တိုဘာ ၃ ရက် ညကလည်း တောင်သာမြို့နယ်က အမျိုးသားတယောက် ဓားနဲ့ခုတ်သတ်ခံရသေးတယ်လို့ သိရပါတယ်။

5 mins Ago

November 14, 2021

မော်လမြိုင်တွင် မိသားစုအလိုက် ဓားဖြင့် ခုတ်ခံရ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်

မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်က နေအိမ်တစ်ခုမှာ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီခွဲလောက်က မိသားစုအလိုက် ဓားနဲ့ ခုတ်သတ်ခံခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက  ပြောပါတယ်။

မိသားစုအလိုက် ထမင်းစားနေချိန် အရင်က အလုပ်သမားတစ်ဦးက ဓားနဲ့ လာရောက် ခုတ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဓားနဲ့ ခုတ်သတ်ခံရတာကြောင့် ခင်ပွန်းဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ် သားငယ်တို့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဇနီးဖြစ်သူကတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ကောက်ဝတ် ပြတ်လုနီးပါး ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူနဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့ကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ညတွင်းချင်း အရေးပေါ်ကုသမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဇနီးဖြစ်သူ ပြောပြချက်အရ ဓားနဲ့ လာခုတ်တဲ့သူဟာ အရင်က ဆိုင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အိမ်ထောင် ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုဖို့ လုပ်ဆောင်တဲ့အတွက်ကြောင့် ခေါ်ဆူခဲ့လို့ အလုပ်ကနေ သူ့ဘာသာသူ ထွက်သွားပြီးနောက် မနေ့ညက အလုပ်ရှင် မိသားစုကို ဓားနဲ့ လာရောက် ခုတ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဓားနဲ့ လာရောက် ခုတ်သတ်သွားတဲ့ တရားခံကို ဖမ်းဆီးရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

11 months Ago
Up