close

ဓားခုတ်ခံရ

close

September 5, 2021

ရန်ကုန်မြို့ ဆိပ်ကြီးခနောင်တိုတွင် ကင်းလှည့် ရဲတစ်ဦး ဓားဖြင့်ခုတ်ခံရ

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီနေ့ မနက် ၁၁ နာရီလောက်က ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရ​တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓားခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး မြို့နယ်တွင်းလုံခြုံရေး လှည့်ကင်းလှည့်နေချိန် ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာစဥ် ဓားနဲ့ခုတ်ခံရတာလို့ ဆိုပါတယ်။ 

ဒုတပ်ကြပ် တင်ထွန်းအောင်ကို မြို့နယ်ဆေးရုံ တင်ပို့ထားရတယ်လို့ သိရပါတယ်။ ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိရေး စစ်တပ်နဲ့ရဲတွေက အပူတပြင်း  ရှာဖွေနေတယ်လို့ သိရပါတယ်။

12 hours Ago

June 10, 2021

မြင်းခြံ၊ ဇလပ်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းရွာက စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် ဇွန် ၉ ရက် ညနေ ၅ နာရီလောက်က လည်ပင်း ဓားဒဏ်ရာနဲ့သေဆုံးသွားပါတယ်။

ဇလပ်ကုန်းနဲ့ မြင်းခြံကြားက ဆည်တာဘောင်နားမှာ လည်ပင်းပြတ်ရှ ဒဏ်ရာနဲ့ သေဆုံး နေတာဖြစ်ပြီး ဘယ်သူကခုတ်တယ်ဆိုတာ မသိရသေးပါဘူးလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြင်းခြံမြို့နယ်မှာ  စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ပစ်သတ်ခံရတာ၊ ဓားထိုး၊ ဓားခုတ်ခံရလို့ သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

3 months Ago
Up