close

ဓားထိုးခံရမှု

close

October 5, 2021

မုံရွာမြို့တွင် ချိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသူ ၁ ဦး ဓားထိုးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရပ်ကွက်အလိုက် ချိုင်းထောက်နဲ့ လှည့်လည်သွားလာ‌နေတဲ့ အမျိုးသားတစ်ဦး အောက်တိုဘာ ၅ ရက်နေ့ မနက်က ဓားထိုးခံခဲ့ရတယ်လို့ မျက်မြင်သူတွေဆီက သိရပါတယ်။

မုံရွာမြို့ခံအလုပ်သမားတစ်ဦးက “ကျနော်တို့ မနက်အလုပ်သွားရင်းနဲ့ တိုင်းရင်းဆေးရုံ လမ်းထောင့်နဲ့ သာစည်လမ်းထောင့်မှာ မြင်ခဲ့ရတာ။ သေသလား၊ ရှင်သလားတော့မသိဘူး။ လိုင်းပေါ်မှာတော့ စစ်ကောင်စီသတင်းပေးလို့တော့ တင်ထားတာတွေတော့ အရင်ရက်ပိုင်းတွေက ရှိခဲ့တယ်။ အတိကျတော့မသိဘူးပေါ့ဗျာ။ ပြောချင်တာကတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ လုပ်တဲ့သူတွေကလည်း သေချာမှ လုပ်စေချင်တယ်။ အခုဟာက ဒလန်ဆိုပြီး အသတ်ခံရတဲ့သူတွေလည်း အတော်လေးကိုများနေပြီဆိုတော့ စိတ်ထဲမကောင်ဘူး” လို့ ပြောပါတယ်။

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီဆန့်ကျင်ရေး အဖွဲ့တွေကတော့ စစ်ကောင်စီ ထောက်ခံအားပေး ဒလန်လုပ်နေသူတွေကို လိုက်လန်ရှင်းလင်းနေပါတယ်။ 

ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့လက်အောက်မျာ မလုပ်ကြဘဲ ပြည်သူနဲ့အတူ ပူပေါင်းပြီး CDM လုပ်ကြဖို့ အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပါတယ်။

3 days Ago

July 3, 2021

သံတွဲမြို့က ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဓားဒဏ်ရာဖြင့် သေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ မနေ့ညက ဓားနဲ့ အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ည ၁၀ နာရီလောက်က အိမ်ထဲကို လူ ၆ ယောက်ဝင်လာပြီး သူ့မိသားစုကို ဓားနဲ့ ထောက်ထားတယ်၊ သူ့ကို အပြင်ကို ဆွဲခေါ်သွားပြီး ဓားနဲ့ ထိုးသွားတာ။ အချက်ရေ များတယ်။ ဆေးရုံပို့နေတုန်း လမ်းမှာ သေသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်ရှိ ဦးမျိုးဦးဖြစ်ပြီး ဓားနဲ့ထိုးသွားသူတွေကတော့ ဘယ်သူတွေမှန်းမသိရသေးသလို ဘာကြောင့်မှန်းလည်း မသိရသေးပါဘူး။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆင်ခေါင်းရွာဇာတိဖြစ်သလို အရင်ကပဲ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဖြစ်ပေမဲ့ စစ်ကောင်စီအလိုကျ သတင်းပေးတာ၊ တိုင်တန်းတာတွေ လုပ်ခဲ့သူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up