close

ဓားထိုးအသတ်ခံရ

close

April 4, 2023

စစ်တွေတွင် MPT ဝန်ထမ်း ၁ ဦး ဓားထိုးအသတ်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာဆက်သွယ်ရေး(MPT) ရုံးဝင်းထဲမှာ ၄ ရက် မနက်ပိုင်းက ဝန်ထမ်း အမျိုးသားတယောက်  လည်ပင်း ဓားထိုးခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘောလုံးကွင်းရပ်ကွက်နေ ဦးဖြူစောလှ(၅‌၄နှစ်)ဟာ သူအလုပ်လုပ်နေတဲ့ MPT ရုံးဝင်းအထဲမှာ  ဒီနေ့မနက် ၄ ရက် မနက်ပိုင်းက လည်ပင်းဓားတန်းလန်းနဲ့ တွေ့ရှိခဲ့ရပြီ စစ်တွေပြည်သူဆေးရုံ အရောက်မှာ ဆုံးသွားတာလို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်းက ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ပြောပါတယ်။

"တွေ့တုန်းကတော့ သူရဲ့ လည်ပင်းမှာ ထိုးသွင်းထားတဲ့ ဓားတန်းလန်းနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်။  မသေသေးဘူး။ ဆေးရုံရောက်ပြီးမှ သေသွားတာပါ။ သူကတော့ မနေ့က အိမ်ကို မသွားဘဲ ရုံးမှာ ညအိပ်နေခဲ့တာလို့သိရတယ်။ သူတို့မှာ ရုံးသားတွေအချင်းချင်း သတ်တာလား ဘယ်သူက သတ်တယ်ဆိုတာတော့ အတည်ပြုလို့မရသေးဘူး။" 

ဦးဖြူစောလှ ဘာကြောင့် အသတ်ခံရတယ်ဆိုတာနဲ့ ဘယ်သူက သတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

မတ် ၁၇ ရက်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တယောက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပြီး နောက်တနေ့မှာ အဲဒီဒဏ်ရာ တွေနဲ့ စစ်တွေ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ နေတိုင်းလိုလို လုယက်မှုတွေ ဖြစ်ပွားနေသလို  လူသတ်မှုတွေလည်း မကြာခဏဖြစ်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေ ကြပါတယ်။

ဓာတ်ပုံ- ရွှေရောင်မေတ္တာ ဖောင်းဒေးရှင်း

9 mins Ago

September 24, 2022

ကျောက်ဖြူတွင် စျေးလာဝယ်သည့် စစ်သားတဦး ဓားထိုးအသတ်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာ ကံကော်တောဘုရားအနီးမှာ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက စျေးလာဝယ်တဲ့ စစ်ကောင်စီ တပ်သားတဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သားရဲ့ နာမည်နဲ့ ရာထူးကို အတိအကျ မသိရသေးဘဲ ဂုံးချွိန်ကျေးရွာနဲ့ မလကျွန်းကျေးရွာအကြားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က စစ်သားဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းက စစ်သားတဦး စျေးဝယ်ပြီးအပြန်မှာ အသတ်ခံရတာကတော့ ဟုတ်ဗျာ။ သူက စျေးဝယ်ပြီး ဆိုင်ကယ်နဲ့ အပြန်မှာ ကံကော်တောဘုရား အနီးမှာ လူတစုက ဓားနဲ့ ထိုးသတ်သွားတာလို့သိရတယ်။ ဘယ်သူသတ်တယ်ဆိုတာတော့ မသိဘူး။ အဲဒီ စစ်သားက ဂုံးချွိန်ကျေးရွာနဲ့ မလကျွန်းကျေးရွာကြားမှာ တပ်စွဲနေတဲ့ စစ်တပ်ကဖြစ်တယ်။ သူနာမည်နဲ့ ရာထူးတော့မသိဘူး။ အခုကတော့ စစ်သားတွေက အဲဒီလမ်းပေါ်ကက အိမ်တွေကို ဝင်မွေပြီး လူတွေကို ဖမ်းဆီးစစ်နေတယ်၊ ဘယ်နှယောက်ဆိုတာတော့ မသိရသေးဘူး" လို့ ပြောပါတယ်။

ဓားထိုး အသတ်ခံလိုက်ရတဲ့ စစ်သားရဲ့ အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေ့လယ် ၂ နာရီလောက်မှာ လာရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ညကလည်း မလကျွန်ကျေးရွာက အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က နယ်ထိန်း ဒုရဲအုပ်သိပ္ပံ သေနပ်နဲ့ ပစ်သတ်ခံခဲ့ရသလို ဇူလိုင် ၂၉ ရက်နေ့ကလည်း ကျောက်ဖြူ မြို့မရဲစခန်းက နယ်ထိန်း ဒုရဲအုပ် အုန်းကျော်ဌေး ရဲအချင်းချင်း ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

6 months Ago
Up