close

ဓားထောက်လုယက်ခံရ

close

October 27, 2022

ပျဥ်းမနားတွင် ပန်းအလှရောင်းသည့် ဆိုင်ရှင်အမျိုးသမီး ဓားထောက်လုယက်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ အာဟာရသုခစျေးလမ်း၊ သီတာအောင် သစ်ခွနဲ့ ပန်းအလှပင်ဆိုင်ကို အောက်တိုဘာ ၂၇ ရက် ဒီနေ့ ညနေ ၃ နာရီက အမည်မသိ အမျိုးသား ၂ ယောက် ရောက်လာပြီး ပန်းဝယ်သူဟန်ဆောင်ကာ ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထောက်ပြီး ဖုန်း ၂ လုံးနဲ့ ဆွဲကြိုးလုယက်ခဲ့တယ်လို့ ဒေသခံတွေလို့ ပြောပါတယ်။

သီတာအောင် သစ်ခွနဲ့ ပန်းအလှပင် အရောင်းဆိုင်ကို ဒီနေ့ ညနေသုံးနာရီက အမည်မသိ အမျိုးသားနှစ်ယောက် ရောက်လာပြီး စျေးဝယ်သူဟန်ဆောင်ကာ လုယက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဗွီဒီယိုကြည့်ရတာ ကိုယ်တောင်လန့်တယ်။ မင်းမဲ့တိုင်းပြည်လို ဖြစ်နေတာ။ မသတ်သွားတာဘဲ ကံကောင်းတာ။”

အဆိုပါလုယက်မှုနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာလို့ ပျဥ်းမနားစျေးအတွင်း ပန်းရောင်းသူယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ Page မှာတင်ထားတယ်၊ ငွေတွေမလွှဲဖို့၊ ဖုန်းနှစ်လုံး၊ ဆွဲကြိုးပါသွားတယ်ဆိုပြီး ကျမတို့တောင် ဖုန်းဆက်သတင်းမေးတာ၊ မရဘူး စက်ပိတ်ထားတယ်။”

သီတာအောင် သစ်ခွနဲ့ ပန်းအလှပင်ဆိုင် Page မှာတော့ “ဆိုင်မှာ ဓားနဲ့ထေက်၍ ဖုန်း ၂ လုံးနဲ့ ဆွဲကြိုးလုသွား၍ ငွေလွှဲမယ့်သူတွေ ဆိုင်းငံ့ထားပေးပါ” လို့ ရေးသားထားပါတယ်။

အဆိုပါလုယက်မှုနဲ့ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက သီတာအောင် သစ်ခွနဲ့ ပန်းအလှပင်ဆိုင် ဖုန်းနံပါတ်ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ လုယက်၊ ဓားပြတိုက်မှုတွေ နေ့စဥ်နဲ့အမျှ ဖြစ်နေပါတယ်။

9 hours Ago

May 15, 2020

စပါးကွင်းလယ်လူ ဒယ်လီအလီ ဓားထောက်လုယက်ခံရ

တော့တမ်ဟင်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ မေ ၁၃ ရက်နေ့ အစောပိုင်းက ဓားထောက်လုယက်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  လက်နက်ကိုင်အမျိုးသားနှစ်ဦးဟာ လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားရဲ့အိမ်အတွင်းဝင်ရောက်ပြီး လုယက်မှုကျူးလွန်သွားခဲ့တာပါ။  အလီနဲ့ သူ့အစ်ကိုဖြစ်သူတို့ဟာ လက်တွဲဖော်တွေနဲ့အတူ အိမ်ထဲမှာနေထိုင်နေကြတာဖြစ်ပြီး ဒီဖြစ်စဉ်အတွင်း လုယက်သူတွေဟာ အလီကို ထိုးကြိတ်ခြိမ်းခြောက်ကာ နာရီတွေအပါအဝင် ရတနာတွေကို ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ အထိုးခံရမှုကြောင့် စပါးကွင်းလယ်လူဟာ မျက်နှာမှာ အသေးစားဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။  ဒီဖြစ်စဉ်နဲ့ပတ်သက် စီစီတီဗွီမှတ်တမ်းတွေကို  ရဲတပ်ဖွဲ့ထံ ပေးအပ်ထားပြီး ဝိုင်းဝန်းအားပေးခဲ့ကြသူတွေကို ကျေးဇူးတင်တယ်လို့ အလီက တွစ်တာစာမျက်နှာကတဆင့် ပြောကြားလိုက်ပါတယ်။ “သတင်းမေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါဟာ ထိတ်လန့်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်ပေမယ့် ကျနော်တို့အားလုံး အဆင်ပြေပါတယ်။ အားပေးမှုတိုင်းအတွက်လည်း ကျေးဇူးတင်ပါတယ်။” ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေဆဲဖြစ်ပြီး တဦးတယောက်ကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ စပါးအသင်းကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုတွေကို အကူအညီဖြစ်စေနိုင်မယ့် သတင်းပေးမှုအားလုံးကို ကြိုဆိုနေပါတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။  အလီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လကလည်း စပါးနောက်ခံလူ ဗာတွန်ဂန်ရဲ့နေအိမ်မှာ ဓားထောက်လုယက်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။ 
2 years Ago
Up