close

ဓားထောက်လုယက်

close

October 30, 2022

ပျဥ်းမနား ပန်းအလှရောင်းဆိုင်ရှင်အား ဓားထောက်လုယက်ခဲ့သူများကို ဖမ်းမိ

နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့ အာဟာရသုခစျေးလမ်း သီတာအောင် သစ်ခွနဲ့ ပန်းအလှပင်ဆိုင်မှ ဆိုင်ရှင်မျိုးသမီးကို ဓားထောက်လုခဲ့သူနှစ်ဦးနဲ့ ကြံရာပါတွေကို အောက်တိုဘာ ၂၉ ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပျဥ်းမနားမြို့အာဟာရသုခစျေးလမ်း သီတာအောင် သစ်ခွနှင့်ပန်းအလှပင်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးအား အောက်တိုဘာ ၂၆ ရက်က ညနေမှာ အမည်မသိအမျိုးသားနှစ်ဦးက ဖုန်း ၂ လုံးနဲ့ဆွဲကြိုးတို့ကို ဓားထောက်လုယက်ခဲ့တာဖြစ်ပါတယ်။

"မနေ့ညက မိပြီလို့ ရဲစခန်းက အကြောင်းကြားတယ်၊ ပစွည်းတွေလည်း ပြန်ရတယ်ပြောတယ်၊ ညီမဆီတော့ မရောက်သေးဘူး၊ ရဲစခန်းမှာပဲ လုတဲ့နှစ်ယောက်အပြင် အပြင်မှာ စောင့်နေတဲ့သူတွေရော မိတယ်" လို့ ဆိုင်ရှင်ဖြစ်သူက ပြောပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူအမျိုးသားနှစ်ဦးအပါအဝင် ကြံရာပါအမျိုးသားတွေကို ပျဥ်းမနားမြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုင်ရှင်အမျိုးသမီးက ရှင်းပြပါတယ်။

"လုတဲ့သူက နှစ်ယောက်။ အပြင်မှာစောင့်တာက နှစ်ယောက်၊ တယောက်လားမသိဘူး၊ သေချာတော့ မသိဘူး၊ အကုန်ရဲစခန်းမှာပဲ။” 

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်၊ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ လုယက်၊ ဓားပြတိုက်မှုတွေ နေ့စဉ်လိုလို ဖြစ်နေတာပါ။

10 mins Ago

September 16, 2021

မန္တလေးမြို့ ကွန်ဒိုအထပ်မြင့်တိုက်ခန်းတခုတွင် ဓားထောက်လုယက်မှုဖြစ်ပွား

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် Mandalay Garden City ကွန်ဒို ဓာတ်လှေကားတွင်း စက်တင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းက ဓားထောက်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ မြို့မဥယျာဉ်လမ်း Mandalay Garden City ကွန်ဒို အထပ်မြင့်တိုက်ခန်းမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဟာ နေအိမ် တိုက်ခန်းကို ဓာတ်လှေကားနဲ့ တက်စဉ် အမည်မသိ လူ ၂ ဦး လိုက်ပါလာခဲ့ပါတယ်။

ဓာတ်လှေကားအတွင်း ဓားထောက်ကာ အမျိုးသမီးနေထိုင်ရာအခန်းအတွင်း ဝင်ရောက်ခဲ့ပြီး အဲ့ဒီအမျိုးသမီးကို လက်နောက်ပြန် ကြိုးတုတ်တာ၊ ခြေထောက် ကြိုးတုတ်တာ၊ မျက်နှာကို အဝတ်စနဲ့ ဖုံးအုပ်တာတွေလုပ်ပြီး ငွေကျပ် သိန်း ၁၃၀ နီးပါး တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ကောက် ၁ ကွင်း၊ လက်စွပ် ၂ ကွင်း၊ ကျောက်စိမ်းလော့ကတ်သီးပါရွှေဆွဲကြိုး ၁ ကုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ ဆိုင်ကယ်  ၁ စီး၊ Iphone 11 pro လက်ကိုင်ဖုန်း ၁ လုံး၊ Iphone နာရီ ၁ လုံး၊ apple နားကြပ် ၁ ခု၊ huawei လက်ကိုင်ဖုန်း ၁ လုံး၊ ငွေသား ၁၀ သိန်းခန့်တို့ကို ယူဆောင်သွားတာလို့ သိရပါတယ်။

မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ နေရာအနှံ့ လှည့်နေပေမယ့် ခိုးဆိုးလုယက်မှုများ အဖြစ်များနေပါတယ်။

1 year Ago
Up