ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ နာရီစတိုးဆိုင်ကို မေ ၈ ရက်က ဓားပြလာတိုက်တဲ့ ဆယ်ကျော်သက် ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ကြေညာပါတယ်။
အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား အမျိုးသားလေးဦးကို ရဲတပ်ဖွဲ့က လုယက်မှုနဲ့ ဖမ်းဆီးထားပါတယ်။
တိုကျိုမြို့ရဲ့ သူဌေးနယ်မြေလို့ နာမည်ကြီးတဲ့ ဂင်ဇာခရိုင်ရဲ့ မိန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ တန်ဖိုးကြီး ဇိမ်ခံနာရီဆိုင်တဆိုင်ကို အမျိုးသားအများအပြားက လုယက်သွားတာလို့ ဆိုပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ အမျိုးသားတွေဟာ ဆိုင်ထဲကို အလောတကြီး ဝင်သွားကြပြီး ဆိုင်ရှင်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီးတော့ ခင်းကျင်းပြသထားတဲ့ နာရီတွေကို ခိုးယူဖို့ ရှိုးကေ့စ်တွေကိုလည်း ရိုက်ခွဲခဲ့တာပါ။
နာရီဆိုင်ကနေ ရှောင်ပြေးဖို့ အသုံးပြုတဲ့ အဖြူရောင်မော်တော်ယာဉ်ကို ၂ မိုင်လောက်အကွာက တိုကျိုတိုက်ခန်းတခန်းရှေ့မှာ ရပ်နားထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့၊ မြောက်ပိုင်းရပ်ကွက်၊ နမ့်လန်မြို့မဈေးရှိ ရွှေဆိုင်တဆိုင်ကို ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ လူတဦးက သေနတ်ပြ ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၈ နာရီလောက်မှာ ပြည့်ဝရွှေဆိုင်ကို ဆိုင်ကယ်စီးလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက ပစ္စတိုသေနတ်နဲ့ချိန်ထားပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တာပါ။
ဆိုင်ရှင်အမျိုးသားက သေနတ်ကိုင်ထားတဲ့ ဓားပြကို ဆိုင်ရှိဓားနဲ့ ဝင်ခုတ်ပြီး လုံးထွေးနေချိန် ဓားပြက ရွှေဆွဲကြိုး ၇ ကုံးနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
နမ့်လန်မြို့ခံတဦးက “မနက်ပိုင်း ဈေးကြီးဖွင့်ချိန်လောက်က ဖြစ်တာ။ အပြင်တန်းကတော့ မနက်အစောကတည်းက ဖွင့်ထားတာ။ ဆိုင်လာဖွင့်ခါစမှာ ဓားပြတိုက်ခံရတာလို့ ကြားတယ်။ အဲ့အချိန် လူကလည်းရှိပါတယ်။ သေနတ်ပြပြီး ကောင်တာထဲက ဆွဲကြိုး ၇ ကုံးလောက် ယူသွားတာ၊ ပြန်တော့ရပါပြီ” လို့ ပြောပါတယ်။
ဈေးအနီးရှိ လူတွေနဲ့ လုံခြုံရေးတွေက လိုက်လံဖမ်းဆီးခဲ့တာကြောင့် နမ့်လန်မြို့၊ နမ့်မလွတ်တောင်အနီးမှာ ဓားပြတိုက်သူကို ပစ္စတိုသေနတ်တလက်၊ ၉ မမ ကျည် ၄ တောင့်၊ ရွှေဆွဲကြိုး ၇ ကုံး၊ ဆိုင်ကယ်နဲ့အတူ ဖမ်းမိခဲ့ပြီး နမ့်လန်ရဲစခန်းကို ပို့ဆောင်ထားကာ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
နမ့်လန်မြို့၊ မြောက်ပိုင်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က သစ်ဆန်းရွှေဆိုင်ကို လူနှစ်ဦးက သေနတ်ပြ ဓားပြတိုက်ခဲ့လို့ ရွှေထည်ပစ္စည်း အပါအဝင် ကျပ်ငွေ သိန်း ၃၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး ဓားပြတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ ( PAN )