မန်စီးတီးနဲ့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး မန်ချက်စတာဒါဘီပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး အားလုံး ပျော်ရွှင်သင့်တဲ့ရလဒ် ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။
အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပြီး ဧရိယာထဲမှာ မန်စီးတီး ကစားသမားတွေကို အခွင့်အရေးမပေးခဲ့ကြဘူးလို့ ပြောပါတယ်။
သူ့ရဲ့ မန်ယူနည်းပြဘဝမှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တိုင်း အကောင်းဆုံးစွမ်းဆောင်ရည် ရအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရလဒ်ပိုင်းမှာပဲ အကောင်းဆုံး မဖြစ်ခဲ့ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။
ဆိုးလ်ရှားဟာ မန်စီးတီးနဲ့ စုစုပေါင်း ၆ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၃ ပွဲနိုင် ၂ ပွဲ ရှုံးခဲ့ပြီး ၁ ပွဲ သရေ ရလဒ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ မနှစ်ကပွဲတုန်းကလို တန်ပြန်တိုက်စစ်ကနေ ဂိုးမပေးရဖို့ ပြင်ဆင်ခဲ့ပြီး ဂိုးမပေးရလို့ ကျေနပ်ကြောင်း၊ ဂိုးမရခဲ့ပေမယ့် နောက်လာမယ့် ပွဲစဉ်တွေမှာ တိုးတက်လာလိမ့်မယ်လို့ ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။
10 months Ago