ချဲလ်ဆီးနည်းပြဟောင်းတူချယ်ဟာ ပရီးမီးယားလိဂ်ကလပ် ၂ သင်းရဲ့ကမ်းလှမ်းချက်တွေကို လက်ခံရရှိခဲ့ပေမဲ့ ပယ်ချခဲ့တယ်လို့သိရပါတယ်။
ဂျာမန်နည်းပြတူချယ်ဟာ ပြီးခဲ့တဲ့လပိုင်းက ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲဒီနောက် တလအတွင်းမှာပဲ ပရီးမီးယားလိဂ်ကလပ်နှစ်သင်းရဲ့ ကမ်းလှမ်းမှုခံခဲ့ရတာဖြစ်ပြီး တူချယ်က ပယ်ချခဲ့တာလို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
တူချယ်ကို နည်းပြခန့်အပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ ၂ သင်းကိုတော့ အမည်ထုတ်ဖော်ပြောပြနိုင်ခြင်း မရှိခဲ့ပါဘူး။
ဂျာမန်သတင်းစာ BILD ကတော့ နည်းပြတူချယ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြနေရာ လစ်လပ်နေမယ်ဆိုရင် အစားထိုးကိုင်တွယ်ခွင့်ရနိုင်ကြောင်း သုံးသပ်ရေးသားခဲ့ပါတယ်။