close

နည်းပြမော်ရင်ဟို

close

January 25, 2022

ကစားသမားသစ်ခေါ်မည်ဟု ရိုးမားနည်းပြ မော်ရင်ဟိုပြော

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ  ကစားသမားသစ် ခေါ်ယူနိုင်ကြောင်း ရိုးမားအသင်းနည်းပြ မော်ရင်ဟို အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ရိုးမားအသင်းဟာ အခု ဇန်နဝါရီလမှာ ကစားသမားသစ် ခေါ်ယူတာ မရှိသေးပေမဲ့လည်း အပြောင်းအရွှေ့ မပိတ်သိမ်းမီ ဘာမဆိုဖြစ်နိုင်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့တာပါ။

အပြောင်းအရွှေ့က ဇန်နဝါရီ ၃၁ ရက်မှ ပိတ်မှာဖြစ်ပြီး သူ့အနေနဲ့ ကစားသမားသစ် ခေါ်မယ်၊ မခေါ်ဘူး ပြောလိုက်ရင် မှားသွားပါလိမ့်မယ်လို့  ဆိုပါတယ်။

9 mins Ago

October 16, 2020

စပါးအသင်း၌ ဂါရတ်ဘေးလ် ပျော်ရွှင်ရန် အရေးကြီးဟု နည်းပြမော်ရင်ဟို ပြော

စပါးအသင်းမှာ ဂါရတ်ဘေးလ် ပျော်ရွှင်မှုရဖို့ အရေးကြီးတယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။  ဂါရတ်ဘေးလ်ဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်ကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  ရီးရဲလ်အသင်းမှာ နည်းပြ ဇီဒန်းနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့ ဘေးလ်အနေ နဲ့ စပါးအသင်းမှာတော့ ပျော်ရွှင်မှုရဖို့ အရေးကြီးပြီး လက်ရှိအချိန်က ဘေးလ်ရဲ့  ကစားသမား ဘဝအတွက် အရေးကြီးဆုံး အချိန်ဖြစ်တယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။  တသင်းလုံးက အရေးကြီးသလို ဂါရတ်ဘေးလ်က အသင်းကို ကူညီချင်ပြီး အသင်းဘက်က လည်း သူ့ကို ပျော်ရွှင်မှုရစေဖို့ ဂရုစိုက်ပေးသွားရမယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။  အသက် ၃၁ နှစ်ရှိ ဘေးလ်ဟာ  ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာကြောင့်  အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲကစားခွင့် ရဖို့ ရှိနေပါတယ်။ 
1 year Ago
Up