close

နည်းပြရင်းနစ်ခ်

close

April 30, 2022

အလုပ် ၂ ခု တွဲလုပ်မည့် နည်းပြရင်းနစ်ခ်ကို မန်ယူပရိသတ်များ မေးခွန်းထုတ်

သြစတြီးယားလက်ရွေးစင်နည်းပြရာထူးကို လက်ခံပြီး အလုပ် ၂ ခု တွဲလုပ်မယ့် နည်းပြရင်းနစ်ခ် ကို မန်ယူအသင်းပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ 

မန်ယူအသင်း ယာယီနည်းပြ ရင်းနစ်ခ်ဟာ အခုနှစ်ရာသီအကုန်မှာ အကြံပေးအနေနဲ့ ဆက်လက်တာဝန်ယူမှာဖြစ်သလို သြစတြီးယားနည်းပြချုပ် ရာထူးကိုလည်း လက်ခံပြီး ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

အခုနှစ်ရာသီအကုန်ကနေစတင်ပြီး နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရမယ့်သြစတြီးယားအသင်းကို စတင်ပူးပေါင်းမှာဖြစ်ပါတယ်။ 

မန်ယူအသင်း ပရိသတ်တဦးကတော့ ရင်းနစ်ခ်အနေနဲ့ ယူနိုက်တက်နည်းပြအနေနဲ့ ဆက်ရှိသေးတာကို နားမလည်နိုင်အောင်ဖြစ်မိပြီး ငွေတွေဖြုန်းတီးနေတာဖြစ်သလို အလားအလာကောင်းတွေလည်း မတွေ့ရကြောင်း၊ သြစတြီးယားအသင်းနဲ့အတူ အဆင်ပြေပါစေကြောင်း တွစ်တာမှာရေးတင်ခဲ့ပါတယ်။ 

တခြား ပရိသတ်တွေကတော့ ယူနိုက်တက်အကြံပေးအဖြစ်ဆက်ရှိမယ့်အပြင် တခြားအလုပ်တခုကို အလေးအနက်ထားပြီး ဘယ်လိုလုပ်မလဲလို့မေးခွန်းထုတ်ခဲ့ပါ တယ်။ 

ပရိသတ်နောက်တဦးကိုတော့ အသည်းကွဲတဲ့ စတစ်ကာတစ်ခုနဲ့အတူ မြွေ ဆိုပြီးတော့လည်း နည်းပြရင်းနစ်ခ်ကိုဝေဖန်ခဲ့ပါတယ်။  

နောက်ထပ်ပရိသတ်တွေကတော့ ရင်းနစ်ခ်ဟာ ယူနိုက်တက်ကို လှေကားထစ်အဖြစ် အသုံးချနေ ပြီး သူကိုင်တွယ်လာခဲ့တဲ့ ၆ လဟာ အချိန်ဖြုန်းခြင်းသာဖြစ်ကြောင်းဝေဖန်ပါတယ်။ 

ဒါ့အပြင် အလုပ်နှစ်ခု အပေါ် ရာနူန်းပြည့် ဘယ်လို အာရုံစိုက်ပြီး လုပ်ဆောင်နိုင်မှာလဲလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ 

7 mins Ago

April 29, 2022

မန်ယူအသင်းအကြံပေးအဖြစ် သေချာပေါက်ဆက်ရှိမည်ဟု နည်းပြရင်းနစ်ခ်ဖြေရှင်း

လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့အကြံပေးအနေနဲ့ သေချာပေါက်ဆက်ရှိနေမယ်လို့ နည်းပြ ရင်းနစ်ခ်က ဖြေရှင်းသွားပါတယ်။ 

နည်းပြရင်းနစ်ခ်ဟာ သြစတြီးယားလက်ရွေးစင်နည်းပြဖြစ်လာမယ်လို့ သတင်းထွက်ပေါ်နေပြီး ချဲလ်ဆီးအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ရင်းနစ်ခ်က ဖြေရှင်းခဲ့တာပါ။ 

အသင်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ပဲ မေးခွန်းပေးကြဖို့နဲ့ လာမယ့်ရာသီမှာ အသင်းအကြံပေးအဖြစ် ဆက်ရှိနေမယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ နည်းပြရင်းနစ်ခ်က ပြောသွားခဲ့တာပါ။ 

“အခုချိန်အထိ နည်းပြသစ် တန်ဟတ်ချ် နဲ့ စကားမပြောရသေးပေမယ့် အသင်းကို ပိုကောင်းလာစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကူညီမှုတွေလုပ်ဆောင်ပေးဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ တခြားအလုပ်တခုခုအတွက် အားလပ်ချိန်ပေါ်လာနိုင်ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အကြံပေးအနေနဲ့ ဆက်ပြီးတာဝန်ယူဖို့ ကျနော်တို့ သဘောတူညီမှုရခဲ့ပြီးသားဖြစ်တယ်။ အကြံပေးအနေနဲ့ ဆက်ရှိမယ်ဆိုတာ ကျနော့်ဘက်က သေချာ ပေါက်အတည်ပြုနိုင်ပါတယ်။” 

သတင်းတချို့မှာတော့ နည်းပြရင်းနစ်ခ်ဟာ ယူနိုက်တက်အကြံပေးတာဝန်ယူဆက်ယူမယ့်အပြင် သြစတြီးယားလက် ရွေးစင်နည်းပြရာထူးအတွက်လည်း လက်ခံစဉ်းစားဖို့ရှိတယ်လို့ သိရပါတယ်။

24 hours Ago
Up