close

နည်းပြသစ် ရင်းနက်

close

November 29, 2021

မန်ယူနည်းပြသစ်လက်ထက် အံမဝင်နိုင်သည့် ကစားသမား ၆ ဦးခန့်အထိရှိဟု ကာရေဂါ သုံးသပ်

မန်ယူအသင်း နည်းပြသစ် ရင်းနက် လက်ထက်မှာ အံမဝင်နိုင်တဲ့ ကစာသမား ၆ ယောက်လောက်အထိရှိတယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ပြောပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဂျာမနီနည်းပြ ရက်ဖ်ရင်းနက်စ်ကို ယာယီနည်းပြချုပ်အနေနဲ့ ရာသီကုန်အထိ ခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတာပါ။

နည်းပြသစ် ရင်းနက်စ်ဆီမှာ တိကျရှင်းလင်းတဲ့ ကစားပုံရှိပြီးသားဖြစ်ပေမဲ့ အဲဒီကစားကွက်ကို ပုံဖော်နိုင်ဖို့အတွက်တော့ အခက်အခဲတွေ့လိမ့်မယ်လို့ ကာရေဂါက ပြောပါတယ်။ 

“ရက်ဖ်ရင်းနက်ဆီမှာ သူ ဘာလုပ်ချင်သလဲဆိုတာမျိုး ရှင်းလင်းတဲ့အစီအစဉ်ရှိတယ်။ မန်ယူနိုက်တက်အသင်းကို ကြည့်ရင်တော့ သူတို့ ဘာလုပ်ချင်သလဲဆိုတာ မသဲကွဲဘူး”လို့  လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပြောပါတယ်။

ပြဿနာက ဘာလဲဆိုတော့ သူ့ရဲ့ ကစားကွက်နဲ့ အံမဝင်နိုင်တဲ့ ကစားသမား ၅ ယောက်၊ ၆ ယောက်လောက် ရှိနေတာဖြစ်ပြီး ဒီလို ပြဿနာမျိုးက တစ်ပတ်လောက်အတွင်း လေ့ကျင့်ပေးလို့မရကြောင်းနဲ့  အချိန်တစ်ခုယူပြီး လေ့ကျင့်ပေးဖို့လိုကြောင်းလည်း ကာရေဂါက သုံးသပ်ပါတယ်။

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ရဲ့ ပထမဆုံးရာသီတုန်းကလည်း အခက်အခဲတွေရှိခဲ့ပြီး အချိန်တခု ယူခဲ့ရကြောင်း ကာရေဂါက နှိုင်းယှဉ်သုံးသပ်သွားပါတယ်။

1 min Ago
Up