ချဲလ်ဆီးအသင်းဟာ နည်းပြဟောင်းလမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေး ဖို့စီစဉ်နေပါတယ်။
နည်းပြဂရေဟမ်ပေါ်တာနဲ့ လမ်းခွဲအပြီးမှာ လက်ထောက်နည်းပြတစ်ဦးဖြစ်သူ ဘရူနို ဆယ်တာက လီဗာပူးနဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်ကို တာဝန်ယူခဲ့ပါတယ်။
လက်ကျန်ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် နည်းပြလမ်းပတ်ကို ပြန်လည်ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့သိရပါတယ်။
လမ်းပတ်ဘက်ကလည်း အသင်းဟောင်းချဲလ်ဆီးရဲ့ တောင်းဆိုချက်အရ ယာယီနည်းပြအနေနဲ့ ပြန်လည်တာဝန်ယူဖို့ သဘောတူလက်ခံဖို့ရှိနေတယ်လို့ သတင်းတွေကဖော်ပြကြပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီကုန်ဆုံးချိန်ရောက်မှ ဘိုင်ယန်နည်းပြ ဟောင်းနာဂယ်စ်မန်းနဲ့ စပိန်နည်းပြ လူးဝစ်အင်းနရစ်တို့ထဲကတစ်ဦးကို ခေါ်ယူခန့်အပ်မယ်လို့သိရပါတယ်။