close

နည်းပြအင်းနရစ်

close

September 27, 2022

ပေါ်တူဂီက စပိန်ထက် ကစားသမားကောင်းပိုများဟု နည်းပြအင်းနရစ်ချီးကျူး

ပေါ်တူဂီအသင်းဟာ စပိန်အသင်းထက် ကစားသမားကောင်းတွေပိုများကြောင်း စပိန်နည်းပြ အင်းနရစ်က ပြောပါတယ်။

ပေါ်တူဂီနဲ့ စပိန်တို့ဟာ စက်တင်ဘာ ၂၈ ရက်  မနက်ပိုင်းမှာ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်တွေ့ကြမှာပါ။

ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ စပိန်နည်းပြအင်းနရစ်က ပေါ်တူဂီအသင်းရဲ့ ကစားသမားအင်အားက စပိန်ထက်သာလွန်ကြောင်း ချီးကျူးခဲ့တာပါ။ 

စပိန်နည်းပြအင်းနရစ်က “လက်ရှိစပိန်အသင်းလူစာရင်းအရ ပေါ်တူဂီက ကစားသမားကောင်းတွေပိုများတယ်။ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ တခြားလိဂ်တွေမှာ ပွဲထွက်နေကြတဲ့သူတွေရှိလို့ ကစားသမားကောင်း တွေထွက်ပေါ်လာခဲ့ပြီး ဒါကစိတ်ဝင်စားစရာကောင်းတယ်။ စပိန်ကော၊ ပေါ်တူဂီကော ကမ္ဘာ့ဖလားမှာ အောင်မြင်ဖို့မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပေါ်တူဂီအသင်းဟာ ဒီဘက်နှစ်တွေအတွင်း ကစားသမားကောင်းတွေပိုများလာခဲ့ပြီး စီရော်နယ်ဒိုနဲ့အတူ ကန်ဆယ်လို၊ ယူဘင်ဒီယက်ဇ်၊ ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယေဂိုဂျိုတာ အစရှိတဲ့သူတွေက ပရီးမီးယား လိဂ်အသင်းကြီးတွေမှာ ပွဲထွက်ကစားနေကြတာဖြစ်ပါတယ်။ 

15 mins Ago
Up