close

နည်းပြအူနိုင်းအမ်မရီ

close

April 16, 2023

ထိပ်ဆုံးခြောက်သင်း စာရင်းဝင်ရန် အက်စ်တန်ဗီလာအသင်း ပစ်မှတ်ထား

အက်စ်တန်ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးခြောက်သင်းစာရင်းဝင်ဖို့ ပစ်မှတ်ထား ကြောင်း နည်းပြအူနိုင်းအမ်မရီက ပြောသွားပါတယ်။

အသင်းကိုစတင်ရောက်ရှိချိန်ကတော့ ဇယားအောက်ဆုံးကနေ ရုန်းထွက်ဖို့ဖြစ်ပြီး လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒုတိယပစ်မှတ်အနေနဲ့ ထိပ်ဆုံး ၁၀ သင်းစာရင်းဝင်ဖို့ ပစ်မှတ်ဟာလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း နည်းပြ အမ်မရီကပြောပါတယ်။

“ကျနော်တို့က အလွန်တောင်းဆိုမှုများသူတွေဖြစ်တာကြောင့် ရည်မှန်းချက်သစ်တစ်ခုအနေနဲ့ ထိပ်ဆုံး ခြောက်သင်းစာရင်းဝင်ဖို့ပါ ထပ်ပြီးပစ်မှတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေအတွက် တိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ ကစားရဖို့ရှိပါသေးတယ်။ အသင်းပရိသတ်တွေရဲ့အားပေးမှုနဲ့သာ ဆိုရင်တော့ ကျနော်တို့ ပစ်မှတ်ထားသလို လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ပါတယ်”လို့ နည်းပြ အမ်မရီကပြောပါတယ်။

ဗီလာအသင်းဟာ ပွဲစဉ် ၃၁ ပွဲအပြီးမှာ ရမှတ် ၅၀နဲ့ အဆင့် ၆ နေရာအထိ တက်လှမ်းလာခဲ့ပြီး အဆင့် ၅ နေရာက စပါးနဲ့ ၃ မှတ်သာကွာဟသလို  အဆင့် ၇ နေရာက ဘရိုက်တန်နဲ့ နှစ်ပွဲပိုအခြေအနေမှာ တစ်မှတ်အသာရထားတာဖြစ်ပါတယ်။

12 mins Ago

November 11, 2019

အာဆင်နယ်အသင်းက နည်းပြအူနိုင်းအမ်မရီကို ထုတ်ပယ်ရန် မရှိသေး 

အာဆင်နယ်အသင်းဟာ နည်းပြ အူနိုင်းအမ်မရီကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ၂ ပွဲရှုံး ၂ ပွဲ သရေကျခဲ့တာကြောင့် နည်းပြ အမ်မရီရဲ့ အနာဂတ်ဟာလည်း ဝေဝါးလာခဲ့တာပါ။  ပရိသတ်တွေနဲ့ ကစာသးမားဟောင်းတွေဘက်ကလည်း အမ်မရီကို ထုတ်ပယ်ဖို့ ဆန္ဒရှိနေပေမယ့်လည်း အသင်းတာဝန်ရှိသူတွေကတော့ ရာသီကုန်အထိ စောင့်ကြည့်သွားဖို့ ရှိနေတာပါ။ အာဆင်နယ်အသင်းဟာ နည်းပြ အမ်မရီကို ရာသီကုန်မှသာ ပြည်လည်းသုံးသပ် ဆန်းစစ်မှု လုပ်ဆောင်မှာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ဆက်လက် တာဝန်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့တာကြောင့် အမှတ်ပေး ဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
3 years Ago
Up