ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က ဘာစီလိုနာ မဟုတ်တော့ဘဲ အသင်းရဲ့အခြေအနေအမှန်ကို သိမြင်ဖို့လိုတယ်လို့ နည်းပြ ရော်နယ်ကိုးမန်းက တုံ့ပြန်ပြောလိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ မနေ့ညက ဂရန်နာဒါ နဲ့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့ပြီး ပွဲပြီးခါနီးမှ ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။ ပရိသတ်တွေဘက်ကနေ အသင်းရဲ့ ခြေစွမ်းအပေါ် အားမလိုအားမရဖြစ်ခဲ့ကြပြီး ဝေဖန်မှုတွေရှိခဲ့တဲ့အပေါ်မှာ နည်းပြကိုးမန်းက အရင်က ဘာစီလိုနာမဟုတ်တော့ကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။
"ဒီနေ့အသင်းလူစာရင်းကိုကြည့်လိုက်ရင် tiki-tike ကစားပုံနဲ့ ကစားနိုင်မယ်ထင်နေတာလား။ အခုဘာကာက လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ဘာကာမဟုတ်တော့ဘူးလေ။ ဘာကာကစားပုံနဲ့ ကစားခဲ့ပေမဲ့ တောင်ပံတွေမှာ လိုအပ်တဲ့ အမြန်နှုန်းမရှိတော့ပါဘူး။ ကော်တင်ညိုက အတွင်းထဲဆွဲဝင်ပြီး ကစားသူဖြစ်ပြီး လူငယ်လေး ဒီမာကလည်းမရသေးပါဘူး။ ဖာတီနဲ့ ဒမ်ဘီလီ ပြန်ကစားနိုင်ရင်တော့ ကွဲပြားခြားနားနိုင်ပေမဲ့ အခုတော့ သူတို့ကကြံ့ခိုင်မှုမပြည့်သေးပါဘူး" လို့ ရော်နယ်ကိုးမန်းက ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွဲရိုးနဲ့ ဘရေ့ဝိတ်တို့ ဒဏ်ရာကြောင့် မကစားနိုင်ခဲ့သလို ဂျော်ဒီအယ်လ်ဘာနဲ့ ပက်ဒရီတို့လဲ လွဲချော်ခဲ့တာပါ။
ဘာစီလိုနာဟာ ဒုတိယပိုင်းမှာ ခံစစ်မှူး ပီကေးကို အထောင်တိုက်စစ်မှူး နေရာမှာ ထားပြီး ကစားခဲ့ပါသေးတယ်။