close

နည်းပြ မိုက်ကယ်ကာရစ်

close

November 24, 2021

ဗီလာရီးယဲလ်နှင့်ပွဲ အနိုင်ရလဒ်က ဆိုးလ်ရှားအတွက်လို့ ခံစားရဟု နည်းပြကာရစ်ပြော

ဗီလာရီးယဲလ်အသင်းနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်က အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြဆိုးလ်ရှား အတွက်လို့ ခံစားရကြောင်း နည်းပြ မိုက်ကယ်ကာရစ်ကပြောပါတယ်။

ကာရစ်ဟာ ဆိုးလ်ရှားထွက်ခွာသွားပြီးနောက် ယာယီနည်းပြအနေနဲ့ သူ့ရဲ့ပထမဆုံးပွဲစဉ်မှာ ဗီလာရီးယဲလ်ကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ တာပါ။

ဒီရလဒ်ကြောင့် မန်ယူအသင်းက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကာရစ် ကတော့ ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် အသင်းကလူတိုင်း ထိခိုက်ခံစားခဲ့ကြရတယ်လို့ ပြော ပါတယ်။

“အနိုင်ရခဲ့လို့ အလွန်ကျေနပ်ပျော်ရွှင်ရပေမဲ့ ပွဲရလဒ်က အိုလီအတွက်လို့ ခံစားရပါတယ်။ အိုလေထွက်ခွာခဲ့ရတဲ့အပေါ် မေ့လို့မရသေးပါဘူး။ ကျနော့်အတွက် သိပ်အရေးကြီးတဲ့ရလဒ်မဟုတ် ပေမဲ့အသင်းနဲ့ ကစားသမားတွေအတွက်တော့ အရေးကြီးပါတယ်” လို့ ပွဲအပြီးမှာ ကာရစ်က ပြော ပါတယ်။

ယူနိုက်တက်အတွက် ဆက်ပြီး လုပ်ဆောင်ပေးစရာတွေရှိပြီး အဲဒီအတွက် ဂုဏ်ယူကျေနပ် မိတယ်လို့ လည်း မိုက်ကယ်ကာရစ်က ပြောပါတယ်။

7 mins Ago
Up