close

နတ်ကတော်

close

December 31, 2021

ပုသိမ်မြို့တွင် နတ်ကတော် ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ ဒီဇင်ဘာ ၂၉ ရက် နတ်ကနေတဲ့ နတ်ကတော် တယောက်ကို  စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မဟာစေတီလမ်းပေါ်ရှိ နတ်ပွဲအတွင်း နတ်ကတော် ကိုထက်ပိုင်ဖြိုး(ခ) ပြည်ကျော်ဆိုသူ ကပြနေစဉ် စစ်ကောင်စီတပ်သားတွေက ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။ 

“ ပွဲက ၄ ရက်လုပ်တာ ကနေတာ ဝင်ဖမ်းတာ အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ရောပါတယ်။ ကျန်တဲ့သူတွေတော့ မဖမ်းဘူး ဒါပေမဲ့ လန့်ပြီးပြေးကုန်တော့ ပွဲပျက်သလို ဖြစ်သွားတာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။

နတ်ကတော် ကိုထက်ပိုင်ဖြိုး (ခ) ပြည်ကျော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့ ရေကြည်ဦးဘုရားမှာ စစ်အာဏာရှင်ကျဆုံးရေး ကျိန်စာတိုက်ရာမှာ ပါဝင်တယ်လို့စွပ်စွဲ ဖမ်းဆီးခံရလို့ ပြန်လွတ်လာပြီးနောက်ပိုင်း နတ်ကနေချိန်မှာ ခုလို ထပ်မံဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ 

နတ်ကတော် ကိုထက်ပိုင်ဖြိုး (ခ) ပြည်ကျော်ဆိုဟာ LGBT တဦးဖြစ်ပြီး ကိုဗစ်ကာလမှာ စေတနာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။

1 min Ago
Up