close

နတ်ကန်လည်ရွာ

close

May 29, 2021

ကျောက်ပန်းတောင်းမြို့နယ် နတ်ကန်လည်ရွာက အမျိုးသား ၃ ဦး အဖမ်းခံရ

ကျောက်ပန်းတောင်းမြို့နယ်၊ နတ်ကလည်ရွာမှာ မေလ ၂၈ ရက်နေ့ ညနေပိုင်းက အမျိုးသား ၃ ဦး အဖမ်းခံခဲ့ရပြီး အဘွားတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မေလ ၂၈ ရက်နေ့ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီးတော့ အသက်ကြီးတဲ့ အဘွားတစ်ယောက်ကို သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

နတ်ကန်လည်ကျေးရွာမှာ မေလ ၂၆ ရက်နေ့က အမည်မသိအဖွဲ့စည်းက စာသင်ကျောင်းကို မီးရှို့သွားတာကြောင့် မေလ ၂၇ ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကား ၁၅ စီးနဲ့ ရောက်လာပြီး အပြစ်မဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၈ ယောက်ရှိနေပြီးတော့ အကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

6 mins Ago
Up