close

နန့်စီးအောင်စုပေါင်းဂိတ်

close

July 27, 2021

မိုးညှင်းမြို့နယ်၊ နန့်စီးအောင်စုပေါင်းဂိတ်အနီး မိုင်းပေါက်ကွဲပြီး Express ကားထိမှန်

ကချင်ပြည်နယ်အဝင်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနဲ့ နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်အနီး ကားလမ်းမပေါ်မှာ ဇူလိုင် ၂၇ ဒီနေ့ မနက်ပိုင်းက   မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် Express အဝေးပြေး အမြန်ယာဉ်လိုင်းကားတစ်စီး မိုင်းထိမှန်သွားကာ ကြီးကြီးမားမားထိခိုက်ပျက်စီးမှုမရှိဘဲ ယာဉ်ပေါ်ပါ ခရီးသည်တွေလည်း  ထိခိုက် ဒဏ်ရာ ပြင်းထန်စွာရသူမရှိဘူးလို့ သိရပါတယ်။

"ကားမှန်တော့ပျက်စီးသွားတယ်။ ကြီးကြီးမားမား ထိခိုက်တာ မရှိဘူး။ ယာဉ်ပေါ်မှာ ပါတဲ့ခရီးသည်တွေလည်း ဘာမှမဖြစ်ဘူး ထိခိုက် ဒဏ်ရာ ပြင်းထန်မှုမရှိဘူး"လို့ နန့်စီအောင် စုပေါင်းဂိတ်အနီးနေထိုင်သူ တစ်ဦးက ပြောပါတယ်။

အဆိုပါ မိုင်းမှာ  သုံးလုံး ဆင့်ပေါက်ကွဲခဲ့တာဖြစ်ပြီး  ထိမှန်သွားသည့်ကားမှာ စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ တက်ရောက်   ဂျိန်းဖော့ရွှေမြေ Express ကားကြီးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

7 mins Ago
Up