close

နန့်ဇာခြည်လင်း

close

December 11, 2021

ဗိုလ်ချုပ်ရုပ်ရှင် သရုပ်ဆောင် နန့်ဇာခြည်လင်း၏ ဈာပန မနက်ဖြန် ကျင်းပမည်

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့  နန့်ဇာခြည်လင်းဟာ  သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ဖြန် သူ့ရဲ့ ဈာပနကျင်းပ သင်္ဂြိုဟ်ဖို့ရှိပါတယ်။ 

နန့်ဇာခြည်လင်းဟာ အသက် ၃၉ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါ အပြင်းထန်ခံစားပြီး ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ပုသိမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

နန့်ဇာခြည်လင်းဟာ အ.မ.က (၁၃၂) ဆယ်ပင်လေး‌ မူလတန်းကျောင်းအုပ် ဆရာမတဦးလည်းဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပုသိမ်မြို့ သစ်ရောင်းချောင်း မီးသင်္ဂြိုဟ်စက်ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

2 mins Ago
Up